ရောမ 6:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း23 အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible23 အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။ အခန်းကိုကြည့်ပါ။Garrad Bible23 အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible23 အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ နတ်မင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ၊ တန်ခိုးအာဏာများဖြစ်စေ၊ အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ မည်သည့်ဖန်ဆင်းခံကမျှ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့ကို ကွဲကွာစေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်ယုံကြည်၏။