ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
ယုဒ 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။ Common Language Bible သို့ရာတွင်ချစ်ဆွေတို့၊ သင်တို့သည်မိမိတို့ ၏အလွန်သန့်ရှင်းမြင့်မြတ်သည့်ယုံကြည်ခြင်း အပေါ်အခြေပြု၍ မိမိတို့ကိုယ်ကိုကြီးပွား စေကြလော့၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကိုအမှီပြု၍ဆုတောင်းပတ္ထနာ ပြုကြလော့။- Garrad Bible ချစ် သား ဖြစ် သော သင် တို့ မူ ကား သင် တို့ အ ထူး သန့် ရှင်း သော ယုံ ကြည် ခြင်း တ ရား တော့် အ ပေါ်၌ ကိုယ် ကို တည် ဆောက် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ပ ဌ နာ ပြု လျက်၊ Judson Bible ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပတ္ထနာပြုလျက်၊- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ သင်တို့မူကား မိမိတို့၏အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်၌ မိမိတို့ကိုယ်ကိုတည်ဆောက်လျက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။ |
ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။
ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ရှမာရိပြည်တစ်လျှောက်၌ အသင်းတော်သည် ငြိမ်းချမ်း၍ တည်တံ့ခိုင်မြဲလာ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်အားပေးခြင်းတို့ဖြင့် ရှင်သန်၍ အသင်းသားအရေအတွက်သည်လည်း တိုးပွားလာ၏။
ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူမည့်နေ့တွင် သင်တို့၌ အပြစ်ကင်းနေစေရန်အတွက် ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်းသည် သင်တို့အတွက် ကောင်းသည်မဟုတ်။ သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာအားလုံးသည် အကျိုးရှိစေသည်မဟုတ်။
ထိုသို့ဆိုလျှင် မည်သို့ပြုရမည်နည်း။ ကျွန်ုပ်သည် စိတ်ဝိညာဉ်နှင့် ဆုတောင်းမည်။ အသိဉာဏ်နှင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်နှင့် သီချင်းဆိုမည်။ အသိဉာဏ်နှင့်လည်း သီချင်းဆိုမည်။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
သူတို့၏တာဝန်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်ကို တည်ဆောက်နိုင်ရန်အတွက် ယုံကြည်သူတို့ကို အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။
ဦးခေါင်း ဖြစ်သော ကိုယ်တော်သည် ကိုယ်ခန္ဓာတစ်ခုလုံးကို အပိုအလိုမရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာအစိတ်အပိုင်းတစ်ခုစီတို့သည် ကိုယ်ပိုင် တာဝန်အသီးသီးကို လုပ်ဆောင်သည်နှင့်အမျှ ကိုယ်ခန္ဓာသည် ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်၍ ကြီးပွားတတ်၏။
သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
ကိုယ်တော်ထံ၌ အမြစ်တွယ်၍ တည်ဆောက်ကာ သင်တို့သင်ယူခဲ့ရသည့်အတိုင်း ခိုင်မြဲစွာ ယုံကြည်လျက် ကျေးဇူးတော်ကို အလွန်ချီးမွမ်းကြလော့။
ထို့ကြောင့် ယခု သင်တို့လုပ်ဆောင်နေသည့်အတိုင်း အချင်းချင်းအားပေးလျက် တည်ဆောက်ပေးကြလော့။
ဒဏ္ဍာရီများ၊ မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်မပေးကြရန် ညွှန်ကြားလော့။ ထိုအရာများသည် အငြင်းအခုံများကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်သော ဘုရားသခင်၏ အမှုတော်ကို အထောက်အကူမဖြစ်စေပါ။
ခရစ်တော်ကို သင်အမှန်တကယ်ယုံကြည်ကြောင်း ကျွန်ုပ်သတိရ၏။ သင့်အဖွားလောဣနှင့် သင့်မိခင်ဥနိတ်တို့သည် ဦးစွာ ယုံကြည်ကြပြီး ယခု သင်၌လည်း ထိုယုံကြည်ခြင်းမျိုး ရှိကြောင်း ကျွန်ုပ်စိတ်ချယုံကြည်၏။
ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။
သူ၏ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်ခြင်းနှင့်အတူ ဆောင်ရွက်သည်ကို သင်သိမြင်ရပြီး ထိုလုပ်ဆောင်ခြင်းဖြင့် သူ၏ယုံကြည်ခြင်းသည် ပြီးပြည့်စုံ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူတိုင်းသည် ဤလောကကို အောင်နိုင်သောကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လောကကို အောင်နိုင်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။
ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။