Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 8:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကြောက်ရွံ့တတ်သော ကျွန်​၏​သဘော​ကို ပြန်​၍ ရရှိကြသည် မဟုတ်။ သားသမီး​ဖြစ်ခွင့် ပေးသော ဘုရားသခင်​၏ ဝိညာဉ်တော်​ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင်​တို့​သည် ကြောက်ရွံ့​ခြင်း​သို့ တစ်ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိညာဉ်​ကို​ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သားသမီး​အရာ​ကို​ပေး​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ထို​ဝိညာဉ်​တော်​အားဖြင့် “အဗ္ဗ၊ အဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 8:15
30 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အကျွန်ုပ်​သည် သခင်​၏​ငွေ ဆုံးရှုံးမည်​ကို စိုးရိမ်​သောကြောင့် မြေ​၌ ဝှက်ထားခဲ့ပါ၏။ ကြည့်ပါလော့။ သခင်​၏​ငွေ ရှိပါသည်’ ဟု လျှောက်လေ၏။


ယေရှု​ကလည်း “သင်တို့​ဆုတောင်း​သောအခါ ‘အို အဖ… ကိုယ်တော်​၏​အမည်​နာမတော်​အား ရိုသေလေးမြတ်​ကြပါစေသော။ နိုင်ငံတော်​တည်ထောင်ပါစေသော။


“အို အဖ… အလိုတော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏​အလိုဆန္ဒ​အရ​မဟုတ်ဘဲ ကိုယ်တော်​၏​အလိုတော်​အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


ထို​သူ​သည် ယေရှု​ကို မြင်​လျှင် ရှေ့တော်​၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သော​အသံ​ဖြင့် အော်ဟစ်​လျက် “အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။


ဂါရစ​ပြည်သား​အပေါင်းတို့​သည် အလွန်​ကြောက်ရွံ့ကြ​သောကြောင့် သူတို့​ထံမှ ထွက်ခွာသွားတော်မူ​ရန် တောင်းပန်ကြ၏။ ယေရှု​သည်လည်း လှေ​ပေါ်သို့ တက်​၍ အိုင်တစ်ဖက်​သို့ ပြန်ကြွတော်မူ၏။


ထို​အရှင်​ကြွလာ​သောအခါ လောကီသားတို့​အား အပြစ်​ကို​လည်းကောင်း၊ ဖြောင့်မတ်ခြင်း​ကို​လည်းကောင်း၊ တရားစီရင်ခြင်း​ကို​လည်းကောင်း ရှင်းလင်း​စွာ ဖော်ပြတော်မူ​လိမ့်မည်။


ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။


ထောင်မှူး​သည် မီးတိုင်​ကို တောင်း​၍ အလျင်အမြန်​ပြေးဝင်​ပြီးလျှင် ပေါလု​နှင့် သိလ​တို့​ရှေ့​၌ ကြောက်ရွံ့တုန်လှုပ်​လျက် ပျပ်ဝပ်လေ၏။


သူတို့​သည် ထို​ဟောပြောချက်​ကို ကြား​သောအခါ စိတ်နှလုံး​ကြေကွဲ​၍ ပေတရု​နှင့် အခြား​တမန်တော်များ​အား “ညီအစ်ကိုတို့… ကျွန်ုပ်တို့​မည်သို့​ပြုရမည်နည်း” ဟု မေးမြန်းကြ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြောင်း ထို​ဝိညာဉ်တော် ကိုယ်တိုင်​ပင် ကျွန်ုပ်တို့​၏ စိတ်ဝိညာဉ်​နှင့်အတူ သက်သေခံတော်မူ၏။


ဖန်ဆင်းခံ​လောက​သာ ညည်းတွား​နေသည်​မဟုတ်။ ဘုရားသခင်​၏ အဦးဆုံး​ဆုကျေးဇူး​ဖြစ်သည့် ဝိညာဉ်တော်​ကို ရရှိသော ကျွန်ုပ်တို့​သည်လည်း ခန္ဓာ​ရွေးနုတ်ခြင်း​ဟူသော သားသမီး​ဖြစ်ခွင့်​ကို စောင့်မျှော်​၍ ညည်းတွား​နေကြ၏။


ထို​ကဲ့သို့​ပင် သန့်ရှင်းသော​ဝိညာဉ်တော်​သည် ကျွန်ုပ်တို့​အားနည်းသော​အရာ​၌ ကူညီ​မစတော်မူ၏။ ဥပမာ ဘုရားသခင်​သည် ကျွန်ုပ်တို့​အား မည်သည့်​ဆု​ကို တောင်းစေလိုသည်​ကို ကျွန်ုပ်တို့​မသိ။ ထိုအခါ သန့်ရှင်းသော​ဝိညာဉ်တော်​သည် ဖော်ပြ​၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသော​စကားတို့​ဖြင့် ကျွန်ုပ်တို့​အတွက် ကိုယ်စားပြု​ဆုတောင်းပေးတော်မူ၏။


သူတို့​သည် ဘုရားသခင်​၏ သားသမီး​အဖြစ် ရွေးချယ်ခြင်း​ခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်​သည် မိမိ​၏​ဘုန်းအသရေတော်​ကို သူတို့​အား ဖော်ပြတော်မူ၏။ သူတို့​နှင့် ပဋိညာဉ်များ​ဖွဲ့​၍ ပညတ်တရား​ကိုလည်း ပေးတော်မူ၏။ ကိုးကွယ်​ရမည့်​နည်း​နှင့် မိမိ​၏​ကတိတော်များ​ကို သူတို့​အား ပေးတော်မူ၏။


ကျွန်ုပ်တို့​သည် ဤ​လောက​၏​ဝိညာဉ်​ကို ရရှိကြသည်​မဟုတ်။ ဘုရားသခင်​ရက်ရော​စွာ​ပေးတော်မူသော​အရာ​ကို သိမြင်​နိုင်ရန်​အတွက် ဘုရားသခင်​ထံမှ​လာသော ဝိညာဉ်တော်​ကို ရရှိကြ၏။


အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်​သည် သင်တို့​ထံ လာ​၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြား​ယေရှု​အကြောင်း​ကို ဟောပြော​သောအခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံရရှိထားသော ဝိညာဉ်တော်​မဟုတ်သည့် အခြား​ဝိညာဉ်​ကို သင်တို့​လက်ခံရရှိသော​အခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံခဲ့သော​သတင်းကောင်း​မဟုတ်သည့် အခြား​သတင်း​ကို သင်တို့​ဟောပြောခံရ​သောအခါ​၌​ဖြစ်စေ သင်တို့​သည် ဝမ်းမြောက်စွာ​ပင် သည်းခံကြ​သောကြောင့်​ဖြစ်၏။


ဤ​အရေပြားလှီးခြင်း​ကိစ္စ ပေါ်လာရခြင်း​မှာ ယုံကြည်သူ​အတုအယောင်များ​ကြောင့် ဖြစ်၏။ ထို​သူတို့​သည် ကျွန်ုပ်တို့​အား ယေရှု​ခရစ်တော်​ပေးသော လွတ်လပ်ခွင့်​ကို စုံစမ်း​ပြီး ဖယ်ရှား​လို​သဖြင့် အစည်းအဝေး​ထဲသို့ လျှို့ဝှက်​စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့​အား ပညတ်တရား​လက်အောက်​တွင် ကျွန်ခံ​စေနိုင်ရန်​အတွက် ဂျူး​ဓလေ့ထုံးတမ်းများ​ကို အတင်းအကျပ် လိုက်နာ​စေလိုကြ၏။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ယေရှု​ခရစ်တော်​အားဖြင့် မိမိ​၏​သားသမီး​အဖြစ် ကြိုတင်​သတ်မှတ်တော်မူ၏။ ဤ​အရာ​သည် ဘုရားသခင် နှစ်သက်တော်မူသော​အရာ​နှင့် အလိုရှိတော်မူသော​အရာ​ပင် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား သူရဲဘောကြောင်သော​စိတ်​ကို ပေးတော်မမူဘဲ တန်ခိုး​ပါသော​စိတ်၊ ချစ်တတ်သော​စိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သော​စိတ်တို့​ကို ပေးတော်မူ​သောကြောင့်​ဖြစ်၏။


သေခြင်း​ကို ကြောက်​၍ တစ်သက်လုံး​ကျွန်​ကဲ့သို့ နေထိုင်ရသော​သူတို့​ကို လွတ်မြောက်​စေတော်မူ၏။


ဘုရားသခင်​တစ်ဆူတည်း​ရှိသည်​ဟု သင်​ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးများ​ပင် ယုံကြည်​၍ ကြောက်ရွံ့​ထိတ်လန့်ကြ၏။


ချစ်ခြင်းမေတ္တာ​တွင် ကြောက်စိတ်​မရှိ။ ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာ​သည် ကြောက်စိတ်​ကို ဖယ်ရှားတတ်၏။ ကြောက်စိတ်​သည် ပြစ်ဒဏ်​နှင့် သက်ဆိုင်​သောကြောင့် ကြောက်သောသူ​သည် ချစ်ခြင်းမေတ္တာ​နှင့် မပြည့်စုံသေး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ