Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တိ​တု 1:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ဘုရားသခင်​၏ အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်၏။ ဘုရားသခင်​သည် မိမိ​ရွေးကောက်သော​သူတို့​၏ ယုံကြည်ခြင်း​ကို ခိုင်မာ​စေရန်​နှင့် သမ္မာတရား​ကို ထို​သူတို့​သိရှိ​နားလည်​နိုင်စေရန် ကျွန်ုပ်​ကို စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော​ဘဝ​ဖြင့် နေထိုင်​နိုင်ကြမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။ ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ကောက်​တော်​မူ သော​လူ​စု​တော်​၏ ယုံ​ကြည်​ခြင်း​ကို​ပြု​စု ပေး​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​၏​ဘာ​သာ တော်​က​သွန်​သင်​သည့်​သမ္မာ​တ​ရား​တော် အ​ကြောင်း​ကို ထို​သူ​တို့​သ​ဘော​ပေါက်​နား လည်​ကြ​စေ​ရန်​လည်း​ကောင်း​ငါ့​ကို​ရွေး ချယ်​စေ​လွှတ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-3 သ စ္စာ တော် မ ပျက် နိုင် သော ဘု ရား သ ခင် သည် ရှေး မ ဆွ ကာ လ များ က က တိ ထား တော် မူ ထ သော ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင့် အ မိန့် တော် အ ရ ငါ့ အား လွှဲ အပ် တော် မူ ခဲ့ သည့် ကြော် ငြာ ဆင့် ဆို ချက် ဖြင့် အ ချိန် တော် ရောက် မှ ထင် ရှား စေ တော် မူ ထ သော ထာ ဝ ရ အ သက် ကို မျှော် လင့် သည့် အ တိုင်း ဘု ရား တ ရား ကြည် ညို ဝတ် နှင့် ယှဉ် သော သ မ္မာ တ ရား တော် ကို သိ ကျွမ်း ခြင်း၊ ဘု ရား သ ခင် ရွေး ကောက် တော် မူ သူ တို့ ယုံ ကြည် ခြင်း ကို တည် စေ အံ့ သော ငှာ ဘု ရား သ ခင်၏ ကျွန် ယေ ရှု ခ ရစ်၏ တ မန် တော် ဖြစ် သော ပေါ လု က၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1-3 မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ က​တိ​ထား​တော်​မူ၍၊ ငါ​တို့​ကို​ကယ်​တင်​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း၊ ငါ၌​အပ်​ထား​သော တ​ရား​ဟော​ခြင်း အ​ခွင့်​အား​ဖြင့် တော်​လျော်​သော​အ​ချိန်၌၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​ဖြစ်၍၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​ဆိုင်​သော သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့၏ ယုံ​ကြည်​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကျွန်​တည်း​ဟူ​သော၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဘုရားသခင်​၏​အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။ ငါ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​တို့​၏​ယုံကြည်​ခြင်း​အတွက်​လည်းကောင်း၊ ထာဝရ​အသက်​ကို​မျှော်လင့်​ခြင်း​အားဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်အညီ သမ္မာတရား​ကို​သိရှိ​စေရန်​အတွက်​လည်းကောင်း တမန်တော်​ဖြစ်​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိ​တု 1:1
23 ပူးပေါင်းရင်းမြစ်များ  

မိမိ​ရွေးချယ်တော်မူသော​သူတို့​က နေ့ည​မပြတ် တောင်းလျှောက်​လျှင် ဘုရားသခင်​သည် တရားမျှတ​စွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူ​မည်လော။


ဤ​စကား​ကို လူမျိုးခြားများ​ကြားကြ​သောအခါ ဝမ်းမြောက်​၍ သခင်ဘုရား​၏​နှုတ်ကပတ်​တရားတော်​ကို ချီးမွမ်းကြ၏။ ထာဝရ​အသက်​ရ​ရန် ဘုရားသခင်​ရွေးချယ်တော်မူသောသူ​ရှိသမျှတို့​သည် ယုံကြည်သက်ဝင်လာကြ၏။


တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရ​၍ ဘုရားသခင်​၏ သတင်းကောင်း​ကို ဟောပြော​ရန်အတွက် သီးသန့်​ခန့်ထားတော်မူခြင်း​ခံရပြီး ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ကောရိန္သုမြို့​ရှိ ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယပြည်​တစ်ဝန်းလုံး​၌ နေထိုင်သော ယုံကြည်သူ​အားလုံး​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


သင်တို့​သည် ယုံကြည်ခြင်း​ဖြင့် ကျေးဇူးတော်​ကြောင့် ကယ်တင်ခြင်း​ခံရ၏။ သင်တို့​ကိုယ်တိုင် ပြုသော ကုသိုလ်​ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်​ဖြစ်၏။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ယေရှု​ခရစ်တော်​၏ အစေအပါးများ​ဖြစ်ကြသော ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူး​သဖြင့် အသင်းတော်​ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များ​ထံသို့ ပို့လိုက်သော စာ​ဖြစ်၏။


ဤသို့​ကြိုးပမ်းရခြင်း​သည် သူတို့​စိတ်ခွန်အား ရရှိ​၍ အချင်းချင်း ချစ်ခင်​စည်းလုံးလာကြ​ရန် ဖြစ်၏။ သို့မှသာ သူတို့​သည် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ဖြစ်သည့် ခရစ်တော်​ကို သိရှိ​နားလည်ကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်မည် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ မှန်ကန်သော​စကား​ကိုလည်းကောင်း၊ မှန်ကန်သော​အယူဝါဒ​တို့ကို​လည်းကောင်း ဆန့်ကျင်သည့် အခြား​အယူဝါဒများ​ကို သွန်သင်သောသူ​သည် ဘဝင်မြင့်​၍


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။


ဆန့်ကျင်သူတို့​ကို နူးညံ့သိမ်မွေ့​စွာ ဆုံးမသွန်သင်​ရမည်။ ဘုရားသခင်​သည် သူတို့​အား သမ္မာတရား​ကို သိစေ​၍ နောင်တ​ရနိုင်သော​အခွင့်​ကို ပေးကောင်း​ပေးတော်မူ​လိမ့်မည်။


ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​၏​ကျွန် ကျွန်ုပ်​ယာကုပ် စာရေးလိုက်၏။ ဤ​စာ​သည် အနယ်နယ်​အရပ်ရပ်တို့​တွင် ကွဲလွင့်​ပျံ့နှံ့​နေသည့်​ဂျူးလူမျိုး​ဆယ့်နှစ်မျိုး​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။


အသက်ရှင်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​တို့​နှင့် ဆိုင်သည့် လိုအပ်သမျှ​အရာ​အားလုံး​ကို ကိုယ်တော်​သည် မိမိ​၏​ဘုရား​တန်ခိုးတော်​ဖြင့် ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​ကို ခံစား​စေရန် ကျွန်ုပ်တို့​အား ရွေးကောက်တော်မူသော​အရှင်​ကို သိခြင်း​အားဖြင့် ဤ​အရာ​အားလုံး​ကို ကျွန်ုပ်တို့​လက်ခံရရှိကြ၏။


အရာ​အားလုံး​သည် ဤ​နည်း​အားဖြင့် ဖျက်ဆီးခံရမည်​ဖြစ်​သောကြောင့် သင်တို့​သည် မည်သို့သော​သူများ ဖြစ်သင့်​သနည်း။ သန့်ရှင်း​စွာ ပြုမူနေထိုင်​လျက် ဘုရားတရား​ကိုင်းရှိုင်းခြင်း​ဖြင့်


သားတော်​ကို ငြင်းပယ်သူ​သည် ခမည်းတော်​ကို မသိကျွမ်း။ သားတော်​ကို ဝန်ခံသူ​သည် ခမည်းတော်​ကို သိကျွမ်း၏။


ဤ​စာစောင်​သည် ယေရှု​ခရစ်တော်​၏ ဗျာဒိတ်တော်​ဖြစ်၏။ ဤ​ဗျာဒိတ်တော်​မှာ ဘုရားသခင်​က မိမိ​၏ အစေခံများ​အား မကြာမီ​ဖြစ်ပျက်ရမည့်​အရာ​ကို ဖော်ပြ​ရန် ယေရှု​ခရစ်တော်​ထံ ပေးအပ်တော်မူသော​ဗျာဒိတ်တော်​ဖြစ်၏။ ထို့ကြောင့် ခရစ်တော်​သည် ထို​ဗျာဒိတ်တော်​ကို မိမိ​၏​အစေခံ​ယောဟန်​အား ဖွင့်ပြ​ရန် ကောင်းကင်တမန်​ကို စေလွှတ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ