Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဖက် 4:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ဦးခေါင်း ဖြစ်သော ကိုယ်တော်​သည် ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အပိုအလို​မရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီတို့​သည် ကိုယ်ပိုင် တာဝန်​အသီးသီး​ကို လုပ်ဆောင်သည်​နှင့်အမျှ ကိုယ်ခန္ဓာ​သည် ချစ်ခြင်းမေတ္တာ​ဖြင့် တည်ဆောက်​၍ ကြီးပွားတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ကိုယ်​တော်​၏​စီ​မံ​အုပ်​ချုပ်​မှု​အောက်​တွင်​ကိုယ်​အင်္ဂါ ရှိ​သ​မျှ​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု​အ​ဆစ်​အ​ပိုင်း များ​ဖြင့်​ဆက်​စပ်​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ် အင်္ဂါ​အ​သီး​သီး​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို​မေတ္တာ​တ​ရား​အား ဖြင့်​တည်​ဆောက်​၍​ကြီး​ပွား​စေ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 တစ် ခ န္ဓာ လုံး သည် အင်္ဂါ အ သီး အ သီး ပြု ပြင် သည် နှင့် အ မျှ အင် အား အ ရင်း နှင့် ဆက် သွယ် ခြင်း အ မျိုး မျိုး ဖြင့် စေ့ စပ် ဖွဲ့ စည်း လျက် မေ တ္တာ၌ ကိုယ် ကို ဆောက် တည် ရ ခြင်း အ လို့ ငှါ ဦး ထိပ် တော် မှ ကြီး ပွား မှု ပြု ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​ဦး​ခေါင်း​မှ၊ အ​ဆစ်​အ​ပိုင်း​များ​တို့​သည် အား​ဖြည့်​သ​ဖြင့်၊ တစ်​ကိုယ်​လုံး​သည် စေ့​စပ်​ထုံး​ဖွဲ့​လျက်၊ အ​သီး​အ​သီး​အင်္ဂါ​များ ကိုယ်​ငန်း​ကိုယ်​တာ​အ​တိုင်း ပြု​ပြင်​သည်​နှင့်​အ​ညီ၊ မိ​မိ​ကိုယ်​ကို မေ​တ္တာ၌ တည်​ဆောက် ခြင်း​ငှာ ကြီး​ပွား​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို​ဦးခေါင်း​မှ​တစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် ထောက်မ​ပေး​သော​အဆစ်​ရှိသမျှ​တို့​ဖြင့် အံဝင်ခွင်ကျ​ဆက်စပ်​ခြင်း​နှင့် ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​စီ​သည် မိမိ​အငန်းအတာ​အလိုက် လုပ်ဆောင်​ခြင်း​အားဖြင့် မိမိကိုယ်ကို ချစ်​ခြင်း​မေတ္တာ​၌​တည်ဆောက်​ကာ ကိုယ်ခန္ဓာ​ကို​ကြီးထွား​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 4:16
28 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​၌ မှီခိုအားထားခြင်း မရှိ။ ထို​ဦးခေါင်း​ဖြစ်သည့် ခရစ်တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော အရွတ်များ​ဖြင့် ဆက်စပ်​၍ အားဖြည့်​လျက် ဘုရားသခင် ကြီးထွား​စေလိုတော်မူသည့်​အတိုင်း ကြီးထွားကြ၏။


ငါ​သည် စပျစ်ပင်​ဖြစ်​၍ သင်တို့​သည် အကိုင်းအခက်များ​ဖြစ်ကြ၏။ မည်သူ​မဆို ငါ​၌ တည်​၍ ငါ​သည်လည်း ထို​သူ​၌ တည်​လျှင် ထို​သူ​သည် အသီး​များစွာ သီး​လိမ့်မည်။ ငါ​နှင့် ကင်းကွာ​လျှင် သင်တို့​သည် မည်သည့်​အရာ​ကိုမျှ မတတ်နိုင်ကြ။


ဤသို့​ကြိုးပမ်းရခြင်း​သည် သူတို့​စိတ်ခွန်အား ရရှိ​၍ အချင်းချင်း ချစ်ခင်​စည်းလုံးလာကြ​ရန် ဖြစ်၏။ သို့မှသာ သူတို့​သည် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ဖြစ်သည့် ခရစ်တော်​ကို သိရှိ​နားလည်ကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်မည် ဖြစ်၏။


သူတို့​၏​တာဝန်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်​ကို တည်ဆောက်​နိုင်ရန်​အတွက် ယုံကြည်သူတို့​ကို အမှုတော်လုပ်ငန်း​အတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။


ယခု​တွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း​မေတ္တာ ဤ​သုံးပါးတို့​သည် တည်​လျက်​ရှိ၏။ ဤ​သုံးပါး​တို့​အနက် ချစ်ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်၏။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို မေတ္တာ​ဖြင့် အစဉ် နာခံ​ဟောပြော​လျက် အသင်းတော်​၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်​နှင့် ပိုမို တူညီလာ​၍ အစစအရာရာ​တွင် ကြီးထွားကြမည် ဖြစ်၏။


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


သင်တို့​သည် ကျွန်ုပ်တို့​ထံမှ ကြားနာသော ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို လူ့​စကား​အဖြစ် မဟုတ်ဘဲ ဘုရားသခင်​၏ နှုတ်ကပတ်တော်​အဖြစ် လက်ခံ​သောကြောင့် ဘုရားသခင်​ကို ကျွန်ုပ်တို့ အစဉ်အမြဲ​ကျေးဇူးတင်ကြ၏။ ထို​နှုတ်ကပတ်တော်​သည် အမှန်​ပင်လည်း ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဖြစ်​၍ ခရစ်တော်​ကို ယုံကြည်သော​သင်တို့​အထဲ​တွင် သက်ဝင်​လှုပ်ရှားတော်မူ၏။


သင်တို့​၏ ချစ်ခြင်းမေတ္တာ​သည် အသိပညာ၊ ထိုးထွင်းဉာဏ်​တို့​နှင့်တကွ တိုးသည်​ထက် တိုးလာ​ရန် ကျွန်ုပ် အစဉ်​ဆုတောင်းပါ၏။


သင်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် သင်တို့​၏​နှလုံးသား​ထဲ၌ ကိန်းဝပ်တော်မူ​ရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့​သည် မေတ္တာတော်​၌ အမြစ်တွယ်​၍ တည်နေ​သဖြင့်


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


တန်ခိုးတော် သက်ဝင်လှုပ်ရှားမှု​ကြောင့် ကျွန်ုပ်​အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်​နှင့်ဆိုင်သော အထူး​တာဝန်​ကို ခံစားရသည်​နှင့်အညီ ကျွန်ုပ်​သည် ထို​သတင်းကောင်း​ကို ဟောပြောသူ ဖြစ်လာ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်း​၍ အပြစ်ကင်းသောသူများ ဖြစ်​နိုင်ရန် ဘုရားသခင်​သည် ကမ္ဘာ​မတည်ရှိ​မီ​ကပင် ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​ကို ရွေးချယ်တော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူသည့်​အတွက်


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


ကျွန်ုပ်တို့​အပေါ် ဘုရားသခင်​မည်မျှ ချစ်တော်မူသည်​ကို ကျွန်ုပ်တို့​သိ​၍ ယုံကြည်သည်​နှင့်အညီ ထို​မေတ္တာ​အပေါ် မှီခို​အားထားကြ၏။ ဘုရားသခင်​သည် ချစ်ခြင်းမေတ္တာ​ဖြစ်တော်မူ​၍ ချစ်တတ်သောသူ​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။ ဘုရားသခင်​သည်လည်း ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​၏ မေတ္တာ​သည် သင်တို့​အပေါ်​တွင် ပွားများ​သကဲ့သို့ သင်တို့​၏ မေတ္တာ​သည်လည်း သင်တို့​အချင်းချင်း​နှင့် လူတိုင်း​အပေါ်​တွင် ပို၍ ပွားများ​ရန် သခင်ဘုရား ပြုတော်မူပါစေသော။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​နှင့်​ပတ်သက်၍ “ကျွန်ုပ်တို့​အားလုံး​၌ အသိပညာ​ရှိသည်” ဟူ၍​ကျွန်ုပ်တို့​သိထားကြ၏။ သို့သော် အသိပညာ​သည် လူ​ကို မာန​ထောင်လွှား​စေတတ်၏။ ချစ်ခြင်းမေတ္တာ​မှာမူ တည်ဆောက်ပေးတတ်၏။


ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ အင်္ဂါအစိတ်အပိုင်း​များစွာ ရှိ​ပြီး ထို​အစိတ်အပိုင်း​အားလုံး​သည် မတူညီသော လုပ်ဆောင်ချက်​ကို လုပ်ဆောင်ကြ၏။


ကျွန်ုပ်တို့​သည် အများ​ဖြစ်​သော်လည်း ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်သည်​ကို ပြသ​ရန် မုန့်​တစ်လုံးတည်း​ကို မျှစားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ