သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။
ဂလာတိ 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။ Common Language Bible ခရစ်တော်သည်ငါတို့အား ကျွန်ဘဝမှလွတ် မြောက်စေတော်မူပြီဖြစ်၍ ငါတို့သည်ကျွန် မဟုတ်ကြ။ သို့ဖြစ်၍လွတ်လပ်သူများအဖြစ် နှင့်ရပ်တည်ကြလော့။ နောက်တစ်ဖန်ကျွန်မဖြစ် ကြနှင့်။ Garrad Bible ခ ရစ် တော် ပေး တော် မူ သော လွတ် ခွင့် ရ သူ ဖြစ် သည် နှင့် အ ညီ၊ ကျွန် ထမ်း ပိုး အောက် ပြန် မ လျိုး ဘဲ တည် ကြည် စွာ နေ ကြ လော့။ Judson Bible ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန် မခံကြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။ |
သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။
ထို့ကြောင့် ယခုသင်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးများနှင့် ကျွန်ုပ်တို့ပင် မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏လည်ပင်းပေါ်တွင်တင်ခြင်းအားဖြင့် အဘယ်ကြောင့် ဘုရားသခင်ကို စမ်းသပ်ကြသနည်း။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
ယခုတွင် သင်တို့သည် အပြစ်တရား၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်လာကြပြီ။
သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်စဉ် အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ပါက သူသည် အိမ်ထောင်ရေးဖောက်ပြန်၏။ သို့သော် ခင်ပွန်းကွယ်လွန်သွားပါက သူသည် ထိုပညတ်တရားနှင့် ကင်းလွတ်၍ အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်လျှင်လည်း အိမ်ထောင်ရေးဖောက်ပြန်ရာမရောက်ချေ။
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။
တစ်စုံတစ်ယောက်က သင်တို့ကို ကျွန်ခံစေသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။
သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်တော်မူပြီး သခင်ဘုရား၏ ဝိညာဉ်တော်ရှိသော အရပ်၌ လွတ်လပ်မှုရှိ၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
ယခုမှာ ယုံကြည်ခြင်းတရား ရောက်လာပြီဖြစ်၍ ကျွန်ုပ်တို့သည် အုပ်ထိန်းသူလက်အောက်၌ မရှိကြတော့ပေ။
သို့သော် ကျန်အမျိုးသမီးဖြစ်သော စာရာသည် အထက်အရပ်တွင် ရှိသော ဂျေရုဆလင်မြို့ကို ကိုယ်စားပြု၏။ သူသည် လွတ်လပ်သူဖြစ်ပြီး ကျွန်ုပ်တို့၏ မိခင်ဖြစ်၏။
သို့ဖြစ်၍ ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ကျွန်မ၏ သားသမီးများမဟုတ်ကြ။ လွတ်လပ်သောအမျိုးသမီး၏ သားသမီးများဖြစ်ကြ၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
သို့ဖြစ်၍ သမ္မာတရားဟူသော ခါးစည်းကို စည်းလျက်၊ ဖြောင့်မတ်ခြင်းဟူသော ရင်အုပ်ကာချပ်ဝတ်ကို ဝတ်ဆင်လျက်၊
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
သင်တို့သည် ဆက်လက်၍ သခင်ဘုရားကို ခိုင်မာစွာ ယုံကြည်နေသောကြောင့် ယခု ကျွန်ုပ်တို့စိတ်အေးကြရ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… ခိုင်မြဲစွာ ရပ်တည်ကြလော့။ စကားဖြင့်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ သင်တို့ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်အရာများကို ဆက်လက်ယုံကြည်ကြလော့။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။
ကျွန်ုပ်တို့၏ မူလခံယူချက်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်ကြ၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
လွတ်လပ်သူများအဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှုပြုရန် ထိုလွတ်လပ်မှုကို ဆင်ခြေအဖြစ် အသုံးမချဘဲ ဘုရားသခင်၏ကျွန်အဖြစ် ပြုမူနေထိုင်ကြလော့။
သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။