Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ကျွန်​ဖြစ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု​သင်​သည် သခင်ဘုရား​၏ လွတ်လပ်သူ​ဖြစ်၏။ လွတ်လပ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု သင်​သည် ခရစ်တော်​၏ ကျွန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 အ ရှင် ဘု ရား ၌ ခေါ် ထား တော် မူ သော ကျွန် သည် အ ရှင် ဘု ရား၏ လူ လွတ် ဖြစ်၏။ ထို နည်း တူ ခေါ် ထား တော် မူ သော လူ လွတ် သည် ခ ရစ် တော်၏ ကျွန် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အ​ကြောင်း​မူ​ကား ကျွန်​ဖြစ်​စဉ်၊ သ​ခင်​ဘု​ရား ခေါ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် သ​ခင်​ဘု​ရား၏ လူ​လွတ်​ဖြစ်၏။ ထို​နည်း​တူ လူ​လွတ်​ဖြစ်​စဉ်၊ ခေါ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ခ​ရစ်​တော်၏​ကျွန်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အကြောင်းမူကား ကျွန်​ဖြစ်​စဉ် သခင်​ဘုရား​၌ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် သခင်​ဘုရား​အားဖြင့်​လွတ်လပ်​ခွင့်​ရ​သူ​ဖြစ်​၏။ ထိုနည်းတူ လွတ်လပ်​သူ​ဖြစ်စဉ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် ခရစ်တော်​၏​ကျွန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:22
18 ပူးပေါင်းရင်းမြစ်များ  

တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရ​၍ ဘုရားသခင်​၏ သတင်းကောင်း​ကို ဟောပြော​ရန်အတွက် သီးသန့်​ခန့်ထားတော်မူခြင်း​ခံရပြီး ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ဘုရားသခင် ရွေးကောက်တော်မူ​စဉ်က သင်​သည် ကျွန်​ဖြစ်​နေပါက​လည်း မပူပန်နှင့်။ သို့သော် ကျွန်​အဖြစ်​မှ လွတ်ခွင့်​ရ​လျှင် ထို​အခွင့်အရေး​ကို ရယူလော့။


ကျွန်ုပ်​သည် လွတ်လပ်သောသူ​ဖြစ်ပြီး မည်သူ​၏​ကျွန်​မှ မဟုတ်ပါ။ သို့သော် ခရစ်တော်​ကို ယုံကြည်သောသူများ ပို၍ များလာ​စေရန် လူ​အပေါင်းတို့​၏​ကျွန် ဖြစ်လာရ၏။


ဂျူးလူမျိုးတို့​၏​ပညတ်တရား​ကို မကျင့်သုံးသော လူမျိုးခြားတို့​နှင့်အတူ​ရှိစဉ်က ထို​သူတို့​ကို ကယ်တင်​နိုင်ရန် ပညတ်တရား​ကို မကျင့်သုံးသောသူ​ကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်​၏ ပညတ်တရား​ကို လျစ်လျူ​မရှု၊ ခရစ်တော်​၏ ပညတ်တရား​ကို နာခံ​ကျင့်သုံး၏။


ကျွန်ုပ်​သည် လူတို့​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ ဘုရားသခင်​၏ မျက်နှာသာ​ပေးခြင်း​ကို ရ​ရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်​သဘောကျ​စေရန် ကြိုးစား​နေသေး​လျှင် ကျွန်ုပ်​သည် ခရစ်တော်​၏ အစေအပါး​တစ်ယောက် မဟုတ်ပေ။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်၍ သင်တို့​ထဲက တစ်ဦး​ဖြစ်သည့် ဧပဖြ​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့​သည် ရင့်ကျက်သောသူများ​အဖြစ် ရပ်တည်​ပြီး ဘုရားသခင်​၏ အလိုတော်​အားလုံး​ကို လိုက်နာကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်ရန် သူသည်​သင်တို့​အတွက် အစဉ် စိတ်အားထက်သန်​စွာ ဆုတောင်းပေးနေ၏။


သို့သော် ကျွန်​ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်​ထက် ပို​မြတ်သည့် ချစ်ရသော​ညီအစ်ကို​ကဲ့သို့​ရှိနေ​ရန် ဆိုလို၏။ သူ​သည် အထူး​သဖြင့် ကျွန်ုပ်​အတွက်​လည်း ချစ်ခင်ရသော​ညီအစ်ကို​ကဲ့သို့ ဖြစ်၏။ သင့်​အတွက်​မှာမူ ကျွန်​ကဲ့သို့​လည်းကောင်း၊ သခင်ဘုရား​ကို ယုံကြည်ကြသော​ညီအစ်ကို​ကဲ့သို့​လည်းကောင်း ပို​၍ ချစ်ခင်ရသော​သူ​ဖြစ်၏။


လွတ်လပ်သူများ​အဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှု​ပြု​ရန် ထို​လွတ်လပ်မှု​ကို ဆင်ခြေ​အဖြစ် အသုံးမချဘဲ ဘုရားသခင်​၏​ကျွန်​အဖြစ် ပြုမူ​နေထိုင်ကြလော့။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ယေရှု​ခရစ်တော်​၏​ကျွန်၊ ယာကုပ်​၏​ညီ ကျွန်ုပ်​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ရွေးချယ်တော်မူခြင်း​နှင့် ချစ်ခြင်း​ကို ခံရ​၍ ယေရှု​ခရစ်တော်​၏ စောင့်ရှောက်ခြင်း​ခံရသော​သူတို့​ထံသို့ စာရေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ