Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ သက် 2:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ စကား​ဖြင့်​ဖြစ်စေ၊ စာ​ဖြင့် ဖြစ်စေ သင်တို့​ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်​အရာများ​ကို ဆက်လက်​ယုံကြည်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကြံ့​ကြံ့ ခိုင်​ခိုင်​ရပ်​တည်​နေ​ကြ​လော့။ ဟော​ပြော​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ စာ​အား​ဖြင့်​လည်း​ကောင်း သင်​တို့​အား​ငါ​တို့​သွန်​သင်​ခဲ့​သည့်​သစ္စာ တ​ရား​များ​ကို​လက်​မ​လွတ်​စေ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သို့ ဖြစ်၍ ညီ အစ် ကို တို့၊ တည် ကြည် စွာ နေ လျက် ငါ တို့ ဟော ပြော ချက်၊ ရေး ထား ချက် အား ဖြင့် သင် ကြား ခဲ့ ရ သော ထုံး နည်း များ ကို စွဲ ကိုင် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် သင်​ခဲ့​ပြီး​သော နည်း​ဥ​ပ​ဒေ​သ​များ​ကို တည်​ကြည်​လျက် ကိုင်​ယူ​စွဲ​လမ်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို့ကြောင့် ညီအစ်ကို​တို့၊ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ငါ​တို့​၏​စကား​အားဖြင့်​ဖြစ်စေ၊ စာ​အားဖြင့်​ဖြစ်စေ သင်​တို့​သင်ယူ​ထား​သော​ဓလေ့​ထုံးတမ်း​ကို စွဲကိုင်​ထား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 2:15
10 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။


ပရောဖက်ပြု​ဟောပြောခြင်း​ဖြင့်​ဖြစ်စေ၊ နှုတ်စကား​ဖြင့်​ဖြစ်စေ၊ ကျွန်ုပ်တို့​ရေးပို့သည့် စာ​ကဲ့သို့သော စာ​ဖြင့်​ဖြစ်စေ သခင်ဘုရား ပြန်လည်​ကြွလာသည့် နေ့ရက် ကျရောက်ပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့​က သွန်သင်သည့် ပုံမျိုး​ဖြင့် ပြောဆိုကြ​လျှင်ပင် လွယ်လွယ်​နှင့် မတုန်လှုပ် မစိုးရိမ်ကြ​ရန် ကျွန်ုပ်တို့ တောင်းပန်ပါ၏။


သတိ​ဝီရိယ​ရှိကြလော့။ ယုံကြည်ခြင်း​၌ ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ သတ္တိ​ရှိကြလော့။ အားတင်းထားကြလော့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ကျွန်ုပ် အလွန်​ချစ်​၍ လွမ်းဆွတ်​သတိရပါ၏။ သင်တို့​ကြောင့် ကျွန်ုပ်​ဝမ်းမြောက်ရ​ပြီး သင်တို့​သည် ကျွန်ုပ်​ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်​ပြောဆိုခဲ့သည့်​အတိုင်း သခင်ဘုရား​အား သစ္စာရှိ​လျက် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… မြဲမြံ​စွာ ရပ်တည်​၍ မရွေ့လျား​မပြောင်းလဲကြနှင့်။ ဘုရားသခင်​အတွက် သင်တို့ လုပ်ဆောင်​သမျှ​သည် အချည်းနှီး​မဖြစ်ကြောင်း သင်တို့​သိကြသည့်​အတိုင်း ဘုရားသခင်​အတွက် အစဉ်အမြဲ စိတ်အားထက်သန်​စွာ လုပ်ဆောင်ကြလော့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သင်ယူထားသော သွန်သင်ချက်​ကို ဆန့်ကျင်​၍ စိတ်ဝမ်းကွဲစရာ​နှင့် မှားယွင်းစရာတို့​ကို ဖြစ်စေသော​သူတို့​အား သတိပြု​လျက် ရှောင်ရှား​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​အားလုံး လက်ခံ​ယုံကြည်သော​ကယ်တင်ခြင်း​အကြောင်း​ကို သင်တို့​ထံ ရေး​ရန် ကျွန်ုပ်​အလွန်​စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူ​အပေါင်းတို့​အား တစ်ကြိမ်တည်း​နှင့်​အပြီး ကိုယ်တော်​ပေးအပ်တော်မူသော​ယုံကြည်ခြင်း​တရား​အတွက် ခုခံ​တိုက်ခိုက်ကြလော့​ဟူ၍ သင်တို့​အား စာရေး​တိုက်တွန်း​ရန် လိုအပ်​လာ၏။


တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။


သူ​သည် မိမိ​လက်ခံထားသည့် စစ်မှန်သော​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ​သည် အခြား​သူများ​ကို မှန်ကန်သော​သွန်သင်မှု​ဖြင့် အားပေး​နိုင်ပြီး ဆန့်ကျင်သူတို့​၏ အမှားများ​ကိုလည်း ချေပနိုင်မည်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ