Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သူတို့​သည် ထို​သူတို့​ကို လွတ်လပ်ခွင့်​ရမည်​ဟု ကတိပေး​သော်လည်း သူတို့​ကိုယ်တိုင် ပျက်စီးခြင်း​၏​ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူ​သည် မိမိ​ကို အနိုင်ယူ​စိုးမိုးသော​အရာ​ဟူသမျှ​၏ ကျွန်​ဖြစ်ရ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သူ​တို့​သည်​ထို​သူ​တို့​အား​လွတ်​လပ်​မှု​ကို က​တိ​ပေး​ခဲ့​သော်​လည်း မိ​မိ​တို့​ကိုယ်​တိုင် ပင်​လျှင်​ပျက်​စီး​စေ​မည့်​အ​ကျင့်​များ​၏ ကျွန်​ဖြစ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​သည် မိ​မိ​အား​စိုး​မိုး​သည့်​အ​ရာ​ဟူ သ​မျှ​၏​ကျွန်​ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လွှတ်​ခြင်း​အ​ခွင့်​ရှိ​သည်​ဟု ဝန်​ခံ​လျက်​ပင်၊ ကိုယ်​တိုင် ပုပ်​ပျက်​ခြင်း၏​ကျွန် ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လူ​ကို နိုင်​သော​အ​ရာ​သည် လူ၏​သ​ခင် ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​တို့​သည် ထို​သူ​တို့​အား လွတ်လပ်​မှု​ကို​ပေး​မည်​ဟု ကတိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်တိုင်​သည် ပျက်စီး​ခြင်း​၏​ကျေးကျွန်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​၏​အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် ထို​အရာ​၏​ကျေးကျွန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:19
14 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အပြစ်ကျူးလွန်သော​သူ​သည် အပြစ်​၏​ကျွန် ဖြစ်၏။


နတ်ဆိုး​ပူးဝင်ခြင်း​ခံနေရသူ​သည် ထို​သူတို့​အပေါ် ခုန်အုပ်​၍ တိုက်ခိုက်​အနိုင်ယူ​သဖြင့် သူတို့​သည် ထိခိုက်ဒဏ်ရာရ​လျက် အဝတ်ဗလာ​နှင့် ထို​အိမ်​မှ ထွက်ပြေးရ၏။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


မာရ်နတ်​သည် မိမိ​အလို​အတိုင်း လိုက်နာ​စေရန် သူတို့​ကို ဖမ်းဆီးထား​သော်လည်း သူတို့​သည် အသိတရား​ရ​၍ မာရ်နတ်​၏ ထောင်ချောက်​မှ လွတ်မြောက်နိုင်​လိမ့်မည်။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


လွတ်လပ်သူများ​အဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှု​ပြု​ရန် ထို​လွတ်လပ်မှု​ကို ဆင်ခြေ​အဖြစ် အသုံးမချဘဲ ဘုရားသခင်​၏​ကျွန်​အဖြစ် ပြုမူ​နေထိုင်ကြလော့။


ကိုယ်တော်​သည် မိမိ​၏ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​အားဖြင့် အဖိုးတန်​၍ ကြီးမြတ်သော​ကတိတော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဤသည်​မှာ ထို​ကတိတော်​အားဖြင့် သင်တို့​အား ဤ​လောကီ​တပ်မက်ခြင်း​ကြောင့် ဖြစ်သည့်​ပျက်စီးခြင်း​မှ လွတ်မြောက်​၍ ဘုရားဖြစ်ခြင်း​သဘော​၌ ပါဝင်​ပတ်သက်လာ​စေရန်​ဖြစ်၏။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ကြောင့် လောကီ​ညစ်ညမ်းမှု​မှ လွတ်ကင်း​ပြီးနောက် ထို​အရာ​နှင့် ပြန်လည်​ပတ်သက်မိ​သဖြင့် အနိုင်ယူ​စိုးမိုးခံရ​လျှင် ထို​သူတို့​၏ အခြေအနေ​သည် အစ​က​ထက် အဆုံး​တွင် ပိုမို​ဆိုးရွား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ