Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ကြောင့် လောကီ​ညစ်ညမ်းမှု​မှ လွတ်ကင်း​ပြီးနောက် ထို​အရာ​နှင့် ပြန်လည်​ပတ်သက်မိ​သဖြင့် အနိုင်ယူ​စိုးမိုးခံရ​လျှင် ထို​သူတို့​၏ အခြေအနေ​သည် အစ​က​ထက် အဆုံး​တွင် ပိုမို​ဆိုးရွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အ​ကယ်​၍​လူ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင် နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ် ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညမ်း မှု​များ​မှ​လွတ်​မြောက်​ကြ​ပြီး​နောက်​တစ်​ဖန် ပြန်​၍ ထို​ညစ်​ညမ်း​မှု​များ​၏​ကျွန်​ဖြစ်​ပါ​မူ ထို​သူ​တို့​၏​နောက်​ဆုံး​အ​ခြေ​အ​နေ​သည် လက်​ဦး​အ​ခြေ​အ​နေ​ထက်​ဆိုး​ရွား​လေ တော့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို သူ တို့ သည် ကယ် တင် သော ယေ ရှု ခ ရစ် အ ရှင် ဘု ရား နှင့် အ ကျွမ်း ဝင် ခွင့် ကြောင့် ဤ လော က ဆိုင် ရာ တ ဏှာ များ နှင့် ကင်း လွတ် သည့် နောက် တစ် ဖန် ငြိ တွယ် လျက် အောင် မြင် ခံ ရ ပြီး ဖြစ်၍ နောက် အ ဖြစ် အ နေ သည် အ ရင် ထက် ဆိုး လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ လော​ကီ​ညစ်​ညူး​ခြင်း​နှင့် ကင်း​လွတ်​ပြီး​မှ၊ တစ်​ဖန် ကျော့​မိ၍ ရှုံး​လျှင်၊ နောက်​ဖြစ်​ဟန်​သည် ရှေး​ဖြစ်​ဟန်​ထက်​သာ၍​ဆိုး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အားဖြင့် လောကီ​ညစ်ညူး​ခြင်း​မှ လွတ်မြောက်​ကြ​ပြီးနောက် ထို​အရာ​များ​နှင့် တစ်ဖန်​ပတ်သက်​ငြိတွယ်​လျက် အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် သူ​တို့​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:20
20 ပူးပေါင်းရင်းမြစ်များ  

ထိုသူတို့​၏ နိဂုံး​သည် ပျက်စီးခြင်း ဖြစ်၏။ သူတို့​၏ ဘုရား​သည် သူတို့​၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့​ပြုသော ရှက်ဖွယ်​အရာ​ကို ဂုဏ်ယူ​ဝင့်ကြွားကြ၏။ သူတို့​သည် လောကီရေးရာ​ကိုသာ စွဲလမ်းကြ၏။


စစ်သား​သည် မိမိ​ကို စစ်သူရဲ​နေရာ​၌ ခန့်ထားသောသူ​အား နှစ်သက်​စေရန် စစ်မှု​ဆိုင်ရာ​မဟုတ်သော​လောကီမှု​ကိစ္စများ​တွင် ပါဝင်​ပတ်သက်ခြင်း​မရှိတတ်။


ခမည်းတော်​ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်း​စင်ကြယ်သော​ဘာသာတရား​ကိုင်းရှိုင်းခြင်း​မှာ ဆင်းရဲဒုက္ခ​ကြုံနေသည့် မိဘမဲ့​နှင့် မုဆိုးမတို့​ကို ကြည့်ရှု​ပြုစုခြင်း၊ မိမိ​ကိုယ်တိုင်​ကိုလည်း လောကီ​ညစ်ညူးခြင်းတို့​မှ ကင်းစင်စေခြင်း​ဖြစ်၏။


ထို့နောက် ဘုရားသခင်​သည် သင်တို့​အား ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ထာဝရ​နိုင်ငံတော်​ထဲသို့ ဝင်ရောက်ခွင့်​ကို အပြည့်အဝ​ပေးသနားတော်မူ​လိမ့်မည်။


ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို သိကျွမ်းခြင်း​အားဖြင့် ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် ကြွယ်ဝ​စွာ သက်ရောက်ပါစေသော။


အသက်ရှင်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​တို့​နှင့် ဆိုင်သည့် လိုအပ်သမျှ​အရာ​အားလုံး​ကို ကိုယ်တော်​သည် မိမိ​၏​ဘုရား​တန်ခိုးတော်​ဖြင့် ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​ကို ခံစား​စေရန် ကျွန်ုပ်တို့​အား ရွေးကောက်တော်မူသော​အရှင်​ကို သိခြင်း​အားဖြင့် ဤ​အရာ​အားလုံး​ကို ကျွန်ုပ်တို့​လက်ခံရရှိကြ၏။


ကိုယ်တော်​သည် မိမိ​၏ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​အားဖြင့် အဖိုးတန်​၍ ကြီးမြတ်သော​ကတိတော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဤသည်​မှာ ထို​ကတိတော်​အားဖြင့် သင်တို့​အား ဤ​လောကီ​တပ်မက်ခြင်း​ကြောင့် ဖြစ်သည့်​ပျက်စီးခြင်း​မှ လွတ်မြောက်​၍ ဘုရားဖြစ်ခြင်း​သဘော​၌ ပါဝင်​ပတ်သက်လာ​စေရန်​ဖြစ်၏။


သင်တို့​၌ ဤ​အရည်အချင်းများ​တိုးပွားနေ​လျှင် သင်တို့​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို သိကျွမ်းရာ​၌ အကျိုး​ဖြစ်ထွန်း​ပြီး အသုံးဝင်​လာပါ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ