Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 3:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 သခင်ဘုရား​သည် ဝိညာဉ်တော်​ဖြစ်တော်မူ​ပြီး သခင်ဘုရား​၏ ဝိညာဉ်တော်​ရှိသော အရပ်​၌ လွတ်လပ်မှု​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သ​ခင်​ဘု​ရား​ဟု​ဆို​ရာ​၌​ဝိ​ညာဉ်​တော်​ကို​ဆို​လို သည်။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ ရှင် ဘု ရား သည် ဆို ခဲ့ သော ဝိ ညာဉ် တော် ဖြစ် လျက် အ ရှင် ဘု ရား၏ ဝိ ညာဉ် တော် ရ ရှိ သူ တိုင်း လွတ် ခွင့် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သ​ခင်​ဘု​ရား​ဟု​ဆို​သော် ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို​သ​တည်း။ သ​ခင်​ဘု​ရား၏ ဝိ​ညာဉ်​တော်​တ​ရား​သည် လွှတ်​ခြင်း​ချမ်း​သာ​ကို ပေး​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သခင်​ဘုရား​သည် ဝိညာဉ်​တော်​ဖြစ်​၏။ သခင်​ဘုရား​၏​ဝိညာဉ်​တော်​ရှိ​ရာ​အရပ်​၌ လွတ်လပ်​မှု​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 3:17
13 ပူးပေါင်းရင်းမြစ်များ  

ဝိညာဉ်တော်​ကသာ အသက်ရှင်စေ၏။ လူ့​အားထုတ်မှု​မှာမူ မည်သည့်အရာ​ကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့​ကို ငါ​ပြောသော စကားတို့​သည် ဝိညာဉ်​နှင့် အသက်​ဖြစ်၏။


သမ္မာတရား​ကိုလည်း သိ​သဖြင့် ထို​သမ္မာတရား​သည် သင်တို့​ကို လွတ်မြောက်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် အသက်​ပေးပိုင်တော်မူသော ဝိညာဉ်တော်​၏ တရား​သည် ယေရှု​ခရစ်တော်​အားဖြင့် သင့်​ကို အပြစ်တရား​နှင့် သေခြင်းတရား​၏ လက်​မှ လွတ်မြောက်စေ​သောကြောင့် ဖြစ်၏။


ကျမ်းစာ​၌ “ပထမဆုံး​လူ​အာဒံ​သည် အသက်ရှင်သောသူ​ဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံး​အာဒံ​သည် အသက်​ရှင်စေသော ဝိညာဉ်​ဖြစ်၏။


ထို့ကြောင့် ပဝါ​ဖုံးအုပ်ခံရခြင်း​မရှိတော့သော ကျွန်ုပ်တို့​၏ မျက်နှာ​တွင် သခင်ဘုရား​၏ ဘုန်းတော်​ထင်ဟပ်​လျက်​ရှိ၏။ ဝိညာဉ်တော်​ဖြစ်သော သခင်ဘုရား​ထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေ​သည် ကျွန်ုပ်တို့​ကို အစဉ်အမြဲ ဘုန်းအသရေ​တိုးပွားစေ​၍ ကိုယ်တော်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ပြောင်းလဲ​စေလျက်​ရှိ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားများ​ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် သားတော်​၏ ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​၏ စိတ်နှလုံး​ထဲသို့ စေလွှတ်တော်မူ​၍ ထို​ဝိညာဉ်တော်​ကြောင့် ကျွန်ုပ်တို့​က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား သူရဲဘောကြောင်သော​စိတ်​ကို ပေးတော်မမူဘဲ တန်ခိုး​ပါသော​စိတ်၊ ချစ်တတ်သော​စိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သော​စိတ်တို့​ကို ပေးတော်မူ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ