မဿဲ 23:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။ အခန်းကိုကြည့်ပါ။Common Language Bible4 သူတို့သည်လေးလံ၍အထမ်းရခက်သည့်ဝန်ထုပ် များကိုသူတစ်ပါးတို့အားထမ်းစေကြ၏။ မိမိ တို့ကိုယ်တိုင်မူထိုဝန်ထုပ်များကိုလက်ဖျားနှင့် မျှမတို့လိုကြ။- အခန်းကိုကြည့်ပါ။Garrad Bible4 သူ တို့ သည် လေး လံ သော ဝန် ထုပ် များ ကို သူ တစ် ထူး တို့ ပ ခုံး ပေါ် တွင် တင် ပြီး လျှင် လက် ချောင်း နှင့် မျှ ကိုယ် တိုင် မ မ ကြ။ အခန်းကိုကြည့်ပါ။Judson Bible4 အလွန်လေး၍ ထမ်းခဲသော ဝန်တို့ကို ပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူတို့သည် လေးလံ၍ ထမ်းရခက်သောဝန်များကို ထုပ်ပိုးလျက် လူတို့၏ပခုံးပေါ်တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ ၎င်းတို့ကို မိမိတို့၏လက်ဖျားနှင့်မျှ မရွှေ့လိုကြ။ အခန်းကိုကြည့်ပါ။မြန်မာ4 အလွန်လေး၍ ထမ်းခဲသော ဝန်တို့ကို ပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။- အခန်းကိုကြည့်ပါ။ |
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဇီရာစေ့တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း ပညတ်ကျမ်းထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် ယုံကြည်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။