ငွေတစ်ပိဿာကို ရရှိသောသူသည် လာ၍ ‘သခင်… အကျွန်ုပ်သည် သခင့်အကြောင်းကို သိပါ၏။ သခင်သည် ခက်ထန်သောသူဖြစ်၍ မိမိမစိုက်သောအရာကို ရိတ်သိမ်းတတ်ပါ၏။ မိမိမစိုက်ပျိုးသောအရပ်မှ ရိတ်သိမ်းတတ်ပြီး မိမိမကြဲဖြန့်သောအရပ်မှ စုသိမ်းတတ်ပါ၏။
၂ ကော 11:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် တမန်တော်အတုအယောင်များ ဖြစ်ကြ၏။ မိမိတို့ကိုယ်မိမိ ခရစ်တော်၏ တမန်တော်များအဖြစ် အယောင်ဆောင်လျက် လှည့်ဖြားသောလုပ်ဆောင်သူများသာ ဖြစ်ကြ၏။ Common Language Bible ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။- Garrad Bible ထို သို့ သော သူ တို့ သည် ခ ရစ် တော်၏ တ မန် တော် ယောင် ဆောင် လျက် ပင် ပ ရိ ယာယ် ပြု ကျင့် သော မိ စ္ဆာ တမန် များ ဖြစ် ကြ၏။ Judson Bible အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန် ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။ |
ငွေတစ်ပိဿာကို ရရှိသောသူသည် လာ၍ ‘သခင်… အကျွန်ုပ်သည် သခင့်အကြောင်းကို သိပါ၏။ သခင်သည် ခက်ထန်သောသူဖြစ်၍ မိမိမစိုက်သောအရာကို ရိတ်သိမ်းတတ်ပါ၏။ မိမိမစိုက်ပျိုးသောအရပ်မှ ရိတ်သိမ်းတတ်ပြီး မိမိမကြဲဖြန့်သောအရပ်မှ စုသိမ်းတတ်ပါ၏။
ယုဒပြည်မှ ဆီးရီးယားပြည်ရှိ အန္တိအုတ်မြို့သို့ ဆင်းလာကြသောလူတချို့သည် ယုံကြည်သူတို့အား “သင်တို့သည် မောရှေ၏ပညတ်တရားနှင့်အညီ အရေပြားလှီးခြင်းမင်္ဂလာမခံယူပါက ကယ်တင်ခြင်းကို ခံစားခွင့်မရပါ” ဟု သွန်သင်ကြ၏။
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
လွဲမှားစေသောအရာများကို ပြောဆို၍ တပည့်တော်များအား သူတို့နောက်သို့ လိုက်စေရန် ဆွဲခေါ်သွားမည့်လူတို့သည် သင်တို့အထဲမှလည်း ပေါ်ပေါက်လာလိမ့်မည်။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
သို့ဖြစ်၍ စာတန်၏ နောက်လိုက်တို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူများအဖြစ် အယောင်ဆောင်တတ်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ နောက်ဆုံးတွင် သူတို့သည် မိမိတို့ပြုသည့်လုပ်ဆောင်မှုနှင့် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံရလိမ့်မည်။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
အမှန်တွင်မူ အခြားသတင်းကောင်းဟူ၍ မရှိပါ။ အချို့က သင်တို့ကို စိတ်ရှုပ်ထွေးစေ၍ ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းသာ ဖြစ်၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
သင်တို့အား ဂျူးပညတ်တရားကို လိုက်နာစေလိုသောသူတို့သည် သင်တို့ကို အရေးတယူ ဆက်ဆံကြ၏။ ထိုသို့ပြုသည်မှာ ကောင်းသောရည်ရွယ်ချက်ကြောင့် မဟုတ်ပေ။ သင်တို့သည် သူတို့ကို အရေးတယူဆက်ဆံကြစေရန် သင်တို့ကို ကျွန်ုပ်တို့ထံမှ ဖယ်ထုတ်လိုသောကြောင့်သာ ဖြစ်၏။
သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာခံယူရန် အတင်းအကျပ် စေခိုင်းလျက်ရှိသောသူတို့သည် အပြင်ပန်းတင့်တယ်လိုကြ၏။ ထိုသို့ စေခိုင်းသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တရားကသာ ကယ်တင်နိုင်သည်ဟူ၍ ဟောပြောခြင်းအတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို မလိုလားသောကြောင့် ဖြစ်၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ယခင်က သင်တို့ကို ကျွန်ုပ် မကြာခဏ ပြောသကဲ့သို့ ယခုလည်း မျက်ရည်ကျလျက် ထပ်မံပြောလိုသည်မှာ လူများစွာတို့သည် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံတော်မူခြင်း၏ အဓိပ္ပာယ်ကို မိမိတို့၏ ပြုမူနေထိုင်ပုံဖြင့် ဖျက်ဆီးလျက်ရှိကြောင်း ဖြစ်၏။
ကိုယ်ခန္ဓာကို လှီးဖြတ်တတ်သူများဖြစ်သည့် အကျင့်ဆိုးကို ကျင့်သော ခွေးဖြစ်သူတို့ကို သတိပြုကြလော့။ ထိုသူတို့သည် ကယ်တင်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူရမည်ဟု ပြောဆိုကြ၏။
ဤအကြောင်းကို သင်တို့အား ပြောရခြင်းမှာ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစေရန် ဖြစ်၏။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သင်၏လုပ်ဆောင်မှု၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သင်၏သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးညစ်သူများကို လက်မခံကြောင်းကိုလည်း ငါသိ၏။ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို ပိုင်းခြားစစ်ဆေး၍ အတုအယောင်များဖြစ်သည်ဟု ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။