Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သို့ဖြစ်၍ စာတန်​၏ နောက်လိုက်တို့​သည်လည်း ဖြောင့်မတ်ခြင်းတရား​ကို ဟောပြောသူများ​အဖြစ် အယောင်ဆောင်တတ်ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပေ။ နောက်ဆုံး​တွင် သူတို့​သည် မိမိတို့​ပြုသည့်​လုပ်ဆောင်မှု​နှင့် ထိုက်သင့်သော ပြစ်ဒဏ်​ကို ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဖြောင့် မတ် ခြင်း တ ရား၏ အ မှု ဆောင် များ အ ယောင် ဆောင် ကြ လျှင် ထူး သည် မ ဟုတ်။ ချင်း တို့ အ ဆုံး သည် ချင်း တို့ အ မှု များ အ လိုက် ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သို့​ဖြစ်၍ သူ၏​ဆ​ရာ​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော​သော​ဆ​ရာ ဖြစ်​ယောင်​ဆောင်​လျှင်၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​အ​တိုင်း နောက်​ဆုံး၌​အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့ဖြစ်၍ စာတန်​၏​အမှုဆောင်​တို့​သည်​လည်း ဖြောင့်မတ်​ခြင်း​၏​အမှုဆောင်​အဖြစ် ယောင်ဆောင်​ကြ​လျှင် အံ့ဩ​စရာ​မ​ဟုတ်။ ထို​သူ​တို့​၏​နိဂုံး​သည် မိမိ​တို့​ပြု​သော​အမှု​များ​အတိုင်း​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:15
30 ပူးပေါင်းရင်းမြစ်များ  

“အို လှည့်စားမှု​အပေါင်း၊ ဆိုးသွမ်းမှု​အပေါင်း​နှင့် ပြည့်သော​မာရ်နတ်​၏​သား… ဖြောင့်မတ်ခြင်း​အပေါင်းတို့​၏​ရန်သူ… သင်​သည် ထာဝရဘုရား​၏​ဖြောင့်ဖြူးသော​လမ်းတော်​တို့​ကို ကောက်ကွေ့​အောင် ပြုလုပ်နေခြင်း​မှ မရပ်တန့်ဘဲ​မနေနိုင်သလော။


ဘုရားသခင်​သည် လူ​အသီးသီးတို့​အား မိမိတို့​၏ အကျင့်​နှင့်​အညီ အကျိုးအပြစ်​ကို စီရင်တော်မူ​လိမ့်မည်။


ထို့ပြင် “ကောင်းကျိုး​ဖြစ်လာ​စေရန် မကောင်းမှု​ကို ပြုကြစို့” ဟု ဆို​၍ မရနိုင်​သလော။ လူ​တချို့​သည် ထိုသို့ ကျွန်ုပ်တို့​ပြောဆိုသည်​ဟူ၍ ဆို​လျက် ကျွန်ုပ်တို့​ကို အသရေဖျက်ကြ၏။ ထို​သူတို့​သည် ပြစ်ဒဏ်စီရင်ခြင်း​ကို ခံထိုက်ကြ၏။


ကျွန်ုပ်တို့​သည် သင်တို့​ထံ၌ ဝိညာဉ်ရေးရာ မျိုးစေ့​ကို စိုက်ပျိုးခဲ့သည်​ဖြစ်လျှင် သင်တို့​ထံမှ ခန္ဓာရေးရာ​အစားအသောက်​ကို ရိတ်သိမ်းခြင်း​က လွန်ရာ​ကျသလော။


ထို​သူတို့​သည် တမန်တော်​အတုအယောင်များ ဖြစ်ကြ၏။ မိမိတို့​ကိုယ်​မိမိ ခရစ်တော်​၏ တမန်တော်များ​အဖြစ် အယောင်ဆောင်​လျက် လှည့်ဖြားသော​လုပ်ဆောင်သူများ​သာ ဖြစ်ကြ၏။


သူတို့​သည် ခရစ်တော်​၏ အစေခံများ​ဖြစ်ကြသလော။ ကျွန်ုပ်​သည် ပို၍​ပင် ဖြစ်သည်​ဟူ၍ အရူး​ကဲ့သို့ ပြောလို၏။ ကျွန်ုပ်​သည် ပို၍​အလုပ်​ကြိုးစားခဲ့၏။ ခရစ်တော်​အကြောင်း ဟောပြော​သောကြောင့် အကြိမ်ပေါင်း​များစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်း​များစွာ ကြိမ်ဒဏ်​ခံခဲ့ရ၏။ မကြာခဏ သေဘေး​နှင့် ရင်ဆိုင်ခဲ့ရ၏။


ပြစ်ဒဏ်​ချမှတ်စေခြင်း​နှင့်ဆိုင်သော တရား​သည် ဘုန်းအသရေ​နှင့် ပြည့်စုံ​လျှင် ဖြောင့်မတ်စေခြင်း​နှင့်ဆိုင်သော​တရား​သည် ပို၍ ဘုန်းအသရေ​နှင့် ပြည့်စုံ​ပေလိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် အသွေးအသား ရှိသောသူတို့​နှင့် ရင်ဆိုင်​တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်​အရပ်​ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်​လောက​ကို အစိုးရသော​မင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများ​နှင့် ရင်ဆိုင်​တိုက်ခိုက်နေကြခြင်း ဖြစ်၏။


ထိုသူတို့​၏ နိဂုံး​သည် ပျက်စီးခြင်း ဖြစ်၏။ သူတို့​၏ ဘုရား​သည် သူတို့​၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့​ပြုသော ရှက်ဖွယ်​အရာ​ကို ဂုဏ်ယူ​ဝင့်ကြွားကြ၏။ သူတို့​သည် လောကီရေးရာ​ကိုသာ စွဲလမ်းကြ၏။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူ​တချို့​သည် သင်တို့​ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြ​သောကြောင့်​ဖြစ်၏။ ထို​သူတို့​မှာ ပြစ်ဒဏ်စီရင်​ခံရမည်​ဟု ရှေးယခင်​ကတည်းက သတ်မှတ်ထားခြင်း​ခံရသူများ​ဖြစ်ကြ၏။ သူတို့​သည် ကျွန်ုပ်တို့​ဘုရားသခင်​၏ ကျေးဇူးတော်​ကို ကာမဂုဏ်​လိုက်စားခြင်း​အတွက် အခွင့်အရေး​အဖြစ် အလွဲသုံးစား​လုပ်​၍ ကျွန်ုပ်တို့​၏​တစ်ပါးတည်းသော​အရှင်၊ သခင် ယေရှု​ခရစ်တော်​ကို ငြင်းပယ်ကြ၏။


သူ​သည် ပထမ​သားရဲ ကိုယ်စား ပြခွင့်​ရသည့် နိမိတ်​လက္ခဏာများ​ဖြင့် ဤ​ကမ္ဘာလောက​၌ နေထိုင်ကြသော​လူအပေါင်းတို့​ကို လှည့်ဖြား၏။ ဓား​ဒဏ်ရာ​ရထား​သော်လည်း အသက်ရှင်​သေးသော ပထမ​သားရဲ​၏ ရုပ်တု​ကို ပြုလုပ်​ရန် လူတို့​အား အမိန့်ပေး၏။


ကျွန်ုပ်​မြင်ရသည့် ထို​သားရဲ​သည် ကျားသစ်​နှင့် တူ၏။ သို့သော် သူ​၏ ခြေ​သည် ဝက်ဝံ​၏ ခြေ​နှင့် တူ​ပြီး သူ​၏ ပါးစပ်​သည် ခြင်္သေ့​၏ ပါးစပ်​နှင့် တူ၏။ နဂါး​သည် ထို​သားရဲ​အား မိမိ​၏ တန်ခိုး၊ မိမိ​၏ ရာဇပလ္လင်​နှင့် ကြီးမားသော​အခွင့်အာဏာတို့​ကို ပေးအပ်၏။


သူတို့​၏​ရှင်ဘုရင်​မှာ တွင်းနက်ကြီး​၏​ကောင်းကင်တမန်​ဖြစ်၏။ သူ​၏ အမည်​မှာ ဟေဗြဲဘာသာ​ဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာ​ဖြင့် အပေါလျုန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ