Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်သည်​ဟု မည်သူ​မျှ မထင်မှတ်​စေရန် ကျွန်ုပ်​ထပ်မံ၍​ပြောဆို၏။ သို့သော် သင်တို့​ထင်မှတ်​လျှင်လည်း ကြွားဝါခွင့် အနည်းငယ်​ရှိ​စေရန် ကျွန်ုပ်​ကို မိုက်မဲသောသူ​အဖြစ် လက်ခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မည် သူ မျှ ငါ့ ကို ဉာဏ် မဲ့ သူ ဟု မ ထင် စေ မည့် အ ကြောင်း ငါ ထပ် ဆို၏။ အ ကယ်၍ ထင် က အ နည်း ငယ် ဂုဏ် တင် ရ စေ ရန် ဉာဏ် မဲ့ သူ အ မှတ် နှင့် လက် ခံ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 တစ်​ဖန် ငါ​ဆို​သည်​ကား၊ ငါ့​ကို​သူ​ရူး​ဖြစ်​သည်​ဟု အ​ဘယ်​သူ​မျှ မ​ထင်​စေ​နှင့်။ သို့​မ​ဟုတ် ငါ​ဝါ​ကြွား​စ​ရာ အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ခြင်း​ငှာ ငါ့​ကို​သူ​ရူး​ကဲ့​သို့ မှတ်၍ သည်း​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 တစ်ဖန် ငါ​ဆို​သည်​ကား ငါ့​ကို မိုက်မဲ​သော​သူ​ဖြစ်​သည်​ဟု မည်သူမျှ မ​ထင်မှတ်​စေ​နှင့်။ သို့သော် သင်​တို့​သည် ထိုသို့​ထင်မှတ်​ခဲ့​လျှင် ငါ​၌ ဝါကြွား​စရာ​အခွင့်​အနည်းငယ်​ရှိ​စေရန် ငါ့​ကို မိုက်မဲ​သော​သူ​အဖြစ်​ပင် လက်ခံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:16
7 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​၏ အနည်းငယ်သော မိုက်မဲမှု​ကို သင်တို့​သည်းခံပေး​လိမ့်မည်​ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်​ကို သည်းခံပေး​ကြပါလော့။


သင်တို့​သည် ပညာရှင်ကြီးများ​ဖြစ်သောကြောင့် မိုက်မဲသော​သူတို့​ကို ကျေနပ်​စွာ​သည်းခံကြ၏။


ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​ကြွားဝါ​လို​လျှင်လည်း အမှန်​ကိုသာ ပြောဆိုမည်​ဖြစ်​သောကြောင့် မိုက်မဲသောသူ​ဖြစ်မည်​မဟုတ်။ သို့သော် မည်သူ​ကမျှ ကျွန်ုပ်​ကို မြင်ရသည်​ထက်၊ သို့မဟုတ် ကျွန်ုပ်​ထံက ကြားရသည်​ထက် ပို၍ အထင်မကြီးမိ​စေရန် ကျွန်ုပ်​မကြွားဝါဘဲ​နေမည်။


ကျွန်ုပ်တို့​သည် စိတ်ဖောက်ပြန်​နေ​လျှင် ထို​အရာ​သည် ဘုရားသခင်​အတွက် ဖြစ်၏။ စိတ်​မှန်​နေ​လျှင် သင်တို့​အတွက်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ