Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ၎င်း​သည် အံ့ဩစရာ​မဟုတ်။ စာတန်​ပင်လျှင် မိမိ​ကိုယ်ကိုယ် အလင်း​၏ ကောင်းကင်တမန်​အဖြစ် အယောင်ဆောင်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ထို သို့ ဖြစ် ကြ သည် မှာ အံ့ သြ ဖွယ် မ ဟုတ်။ စာ တန် ပင် အ လင်း စေ တ မန် တော် ယောင် ဆောင် တတ် သည် ဖြစ်၍ ချင်း အ မှု ဆောင် တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဤ​အ​မှု​သည် အံ့​ဩ​ဖွယ်​ဖြစ်​သည်​မ​ဟုတ်။ စာ​တန်​ပင်​လျှင် လင်း​သော​ကောင်း​ကင်​တ​မန် ဖြစ်​ယောင်​ဆောင်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဤသည်ကား အံ့ဩ​စရာ​မ​ဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်​ပင်​လျှင် အလင်း​၏​ကောင်းကင်​တမန်​အဖြစ် ယောင်ဆောင်​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:14
9 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဧဝ​သည် မြွေ​၏ ပရိယာယ်​ဖြင့် လှည့်ဖြားခံရ​သကဲ့သို့ သင်တို့​၏​စိတ်နှလုံး​သည်လည်း ခရစ်တော်​အား ရိုးသား​ဖြူစင်​စွာ ကိုးကွယ်ရာ​မှ သွေဖည်စေခြင်း​ခံရမည်​ကို ကျွန်ုပ်​စိုးရိမ်၏။


သို့မှသာ စာတန်​သည် ကျွန်ုပ်တို့​အပေါ် အမြတ်ထုတ်​နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် သူ​၏ မကောင်းသော​အကြံအစည်များ​ကို သိကြ​သောကြောင့်​ဖြစ်၏။


သို့သော် ကျွန်ုပ်တို့​ဖြစ်စေ၊ ကောင်းကင်ဘုံ​မှ ကောင်းကင်တမန်​ဖြစ်စေ သင်တို့​အား ကျွန်ုပ်တို့​ဟောပြောခဲ့သော သတင်းကောင်း​မဟုတ်သည့် အခြား​သတင်းကောင်း​ကို ဟောပြော​လျှင် ဟောပြောသောသူ​သည် ကျိန်ဆိုခြင်း​ကို ခံရပါစေ။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် အသွေးအသား ရှိသောသူတို့​နှင့် ရင်ဆိုင်​တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်​အရပ်​ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်​လောက​ကို အစိုးရသော​မင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများ​နှင့် ရင်ဆိုင်​တိုက်ခိုက်နေကြခြင်း ဖြစ်၏။


အလင်း​နိုင်ငံတော်​၌​နေသော ယုံကြည်သူ​လူစု​ထဲတွင် ဝင်ရောက်ခွင့်​ထိုက်သူ ဖြစ်စေတော်မူသော အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြ​ရန် ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အမှောင်​၏ အုပ်စိုးမှု​ထဲမှ ကယ်တင်​၍ မိမိ​ချစ်တော်မူသော သားတော်​၏ နိုင်ငံတော်​ထဲသို့ ခေါ်သွင်းတော်မူ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ