၂ ကော 11:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ထိုသူတို့သည် တမန်တော်အတုအယောင်များ ဖြစ်ကြ၏။ မိမိတို့ကိုယ်မိမိ ခရစ်တော်၏ တမန်တော်များအဖြစ် အယောင်ဆောင်လျက် လှည့်ဖြားသောလုပ်ဆောင်သူများသာ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို သို့ သော သူ တို့ သည် ခ ရစ် တော်၏ တ မန် တော် ယောင် ဆောင် လျက် ပင် ပ ရိ ယာယ် ပြု ကျင့် သော မိ စ္ဆာ တမန် များ ဖြစ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible13 အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန် ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။