Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 25:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ငွေတစ်ပိဿာ​ကို ရရှိသော​သူ​သည် လာ​၍ ‘သခင်… အကျွန်ုပ်​သည် သခင့်​အကြောင်း​ကို သိပါ၏။ သခင်​သည် ခက်ထန်သော​သူ​ဖြစ်​၍ မိမိ​မစိုက်သော​အရာ​ကို ရိတ်သိမ်းတတ်ပါ၏။ မိမိ​မစိုက်ပျိုးသော​အရပ်​မှ ရိတ်သိမ်းတတ်ပြီး မိမိ​မကြဲဖြန့်သော​အရပ်​မှ စုသိမ်းတတ်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 တစ် ပိဿာ ရ သူ ကား လာ လျက် အ ရှင် ကိုယ် တော် သည် ခဲ့ ယဉ်း သော အ ရှင် ဖြစ်၍ ကိုယ် မ စိုက် ဘဲ လျက် ရိတ် ဖြတ်၊ ကိုယ် မ လှေ့ ဘဲ လျက် ကျီ သွင်း တတ် သည် ကို သိ သည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​တတ်​သည်​ကို အ​ကျွန်ုပ်​သိ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 တစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် မိမိ​မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မိမိ​မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​သည့် ခက်ထန်​သော​သူ​ဖြစ်​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​တတ်​သည်​ကို အ​ကျွန်ုပ်​သိ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:24
18 ပူးပေါင်းရင်းမြစ်များ  

သို့သော် သူ​သည် ဖခင်​အား ‘ကျွန်ုပ်​သည် နှစ်ပေါင်းများစွာ အဖေ့​အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့​စကား တစ်ခွန်း​ကို​မျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများ​နှင့်အတူ ပျော်ပွဲရွှင်ပွဲ​ကျင်းပ​ရန် အဖေ​သည် ကျွန်ုပ်​အား ဆိတ်ငယ်ကလေး​တစ်ကောင်​ကိုမျှ မပေးခဲ့ဖူးပါ။


သို့သော် သင်​သည် မည်သူ​ဖြစ်​၍ ဘုရားသခင်​ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသော​အရာ​က ပုံသွင်းသောသူ​အား “အဘယ်ကြောင့် ငါ့​ကို ဤသို့​ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။


လူ့​ဗီဇစိတ်​နှင့်ဆိုင်သော အရာတို့​ကို စွဲလမ်းသောသူ​သည် ဘုရားသခင်​ကို အစဉ် ဆန့်ကျင်၏။ ထိုသို့ စွဲလမ်းသောသူ​သည် ဘုရားသခင်​၏ ပညတ်တရား​ကို မလိုက်နာ။ လိုက်နာ​နိုင်စွမ်း​လည်း မရှိ။


သင်တို့​သည် ငါ့​စကား​ကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့​ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။


‘နောက်​မှ အလုပ်​ဝင်သော ဤ​သူတို့​သည် တစ်နာရီ​သာ လုပ်ဆောင်ကြ၏။ ကျွန်ုပ်တို့​သည် တစ်နေ့လုံး နေပူ​ထဲတွင် ပင်ပန်း​စွာ လုပ်ဆောင်ကြရပါ၏။ သို့သော် အရှင်​သည် သူတို့​အား ကျွန်ုပ်တို့​နှင့် ညီတူညီမျှ​ပေးလေပြီ’ ဟု ပြောဆိုကြ၏။


ငါ့​ကို ‘သခင်… သခင်…’ ဟု ခေါ်သော​သူတိုင်း ကောင်းကင်​နိုင်ငံတော်​သို့ ဝင်ကြရမည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ့​ခမည်းတော်​၏​အလိုတော်​ကို လိုက်နာသောသူ​သာ ဝင်ရ​လိမ့်မည်။


သူ​သည် စာရင်း​ရှင်းတမ်းပြု​စဉ်တွင် ငွေကြေး​သန်းပေါင်းများစွာ ကြွေးတင်သူ​တစ်ဦး​ကို သူ့​ထံ ခေါ်လာကြ၏။


ထို့ကြောင့် အကျွန်ုပ်​သည် သခင်​၏​ငွေ ဆုံးရှုံးမည်​ကို စိုးရိမ်​သောကြောင့် မြေ​၌ ဝှက်ထားခဲ့ပါ၏။ ကြည့်ပါလော့။ သခင်​၏​ငွေ ရှိပါသည်’ ဟု လျှောက်လေ၏။


ထိုအခါ သခင်​ကလည်း ‘မိုက်မဲ​၍ ပျင်းရိသော​အစေခံ… ငါ​သည် မိမိ​မစိုက်ပျိုးသော​အရပ်​မှ ရိတ်သိမ်းတတ်ပြီး မိမိ​မကြဲဖြန့်သော​အရပ်​မှ စုသိမ်းတတ်ကြောင်း သင်​သိ​လျှင်


ခရီး​မသွားမီ မိမိ​၏​အစေခံ​ဆယ်ဦး​ကို ခေါ်​၍ ငွေ​တစ်​ပိဿာ​စီ ပေး​ပြီးလျှင် ‘ငါ​ပြန်လာသည်​အထိ စီးပွားရှာ​လျက် နေကြလော့’ ဟု မှာထားလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ