Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သို့ရာတွင် ကျွန်ုပ်တို့​ကဲ့သို့ လုပ်ဆောင်သည်​ဟူသော တန်းတူ​ကြွားဝါခွင့်​ကို ရလိုသော​သူတို့​အား ထို​အခွင့်​ကို မရ​စေရန် ဆက်​၍ သင်တို့​ထံမှ ထောက်ပံ့ငွေ​ကို ကျွန်ုပ်​လက်ခံမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သို့​ရာ​တွင်​ငါ​တို့​ကဲ့​သို့​လုပ်​ဆောင်​သည်​ဟူ​၍ ကြွား​ဝါ​ပြော​ဆို​ခွင့်​ကို​ထို​တ​မန်​တော်​တို့​မ​ရ နိုင်​ကြ​စေ​ရန် ငါ​သည်​ယ​ခု​အ​တိုင်း​ဆက်​လက် လုပ်​ဆောင်​သွား​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သို့ ရာ တွင် ငါ တို့ နှင့် တူ မျှ သည် ဟု ကိုယ် ကို ဂုဏ် တင် လို သူ တို့၏ ဂုဏ် တင် ရာ ဂုဏ် တင် ကြောင်း ကင်း စေ မည့် အ ကြံ နှင့် ငါ သည် ယ ခု ပြု သည့် အ တိုင်း ဆက် လက် ပြု ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ခွင့်​ရ​လို​သော​သူ​တို့​သည် အ​ခွင့်​မ​ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဝါ​ကြွား​ခြင်း​အ​ရာ၌ သူ​တို့​သည် ငါ​ကဲ့​သို့ ထင်​ရှား​စွာ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း အ​စဉ်​ပြု​ဦး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သို့ရာတွင် ငါ​တို့​ကဲ့သို့ ဝါကြွား​စရာ​အကြောင်း​ရှိ​စေ​မည့်​အခွင့်​ကို ရယူ​လို​သော​သူ​တို့​ထံမှ ထို​အခွင့်​ကို​ဖြတ်တောက်​ရန် ငါ​ပြု​နေ​သည့်​အရာ​ကို ဆက်၍​ပြု​ဦး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:12
13 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​မှစ၍ ယုဒ​သည် ယေရှု​ကို ထို​သူတို့​လက်သို့ အပ်​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ၏။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


ဤသို့ စီစဉ်​သောအခါ ကျွန်ုပ်​သည် ပေါ့ပေါ့တန်တန်​စီစဉ်သည်​ဟု သင်တို့​ထင်သလော။ ကျွန်ုပ်​သည် အစီအစဉ်များ​ကို ချမှတ်​ရာတွင် တစ်ချိန်တည်း​၌ “ဟုတ်၏” ဟူ၍​လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍​လည်းကောင်း စကား​နှစ်ခွ​ဖြင့် ပြောဆိုတတ်သော လောကီသားများ​နှင့် တူသလော။


ကျမ်းစာ​၌ “ကြွားဝါ​လို​လျှင် သခင်ဘုရား​လုပ်ဆောင်တော်မူသော​အခြင်းအရာများ​အတွက်​သာ ကြွားဝါစေ” ဟု ဖော်ပြထား၏။


များစွာသော​သူတို့​သည် လောကီ​စံနှုန်း​အတိုင်း ကြွားဝါကြ​သောကြောင့် ကျွန်ုပ်​သည်လည်း ကြွားဝါမည်။


မာကေဒေါနိပြည်​မှ လာသော ညီအစ်ကိုတို့​သည် ကျွန်ုပ်​လိုအပ်သည့်​အရာများ​ကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်​၌ တစ်စုံတစ်ရာ​လိုအပ်​လျှင် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မဖြစ်စေခဲ့ပေ။ ကျွန်ုပ်​သည် သင်တို့​အတွက် မည်သို့​မျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် မိမိ​ကိုယ်ကိုယ် သတိ​နှင့် နေခဲ့၏။ နောင်တွင်လည်း သတိ​နှင့် နေဦးမည်။


ကျွန်ုပ်တို့​သည် သင်တို့​ရှေ့​၌ တစ်ဖန် မိမိကိုယ်ကိုယ် ထောက်ခံ​ချီးမွမ်းနေကြသည်​မဟုတ်။ ကျွန်ုပ်တို့​အတွက် သင်တို့​ဂုဏ်ယူ​နိုင်ရန် အခွင့်​ပေးနေခြင်း​သာ​ဖြစ်၏။ သို့မှသာ အတွင်း​စိတ်​ကို မကြည့်ဘဲ အပြင်ပန်း​သဏ္ဌာန်​ကိုသာ ကြည့်​၍ ဂုဏ်ယူတတ်သော​သူတို့​၏ စကား​ကို သင်တို့​ချေပ​နိုင်မည်​ဖြစ်၏။


အမှန်​တွင်မူ အခြား​သတင်းကောင်း​ဟူ၍ မရှိပါ။ အချို့​က သင်တို့​ကို စိတ်ရှုပ်ထွေးစေ​၍ ခရစ်တော်​၏ သတင်းကောင်း​ကို မှောက်လှန်​လိုခြင်း​သာ ဖြစ်၏။


ထို့ကြောင့် လမ်းလွဲ​၍ စာတန်​နောက်သို့ လိုက်ပါသွားကြသော အချို့​မုဆိုးမတို့​ကို ထောက်​၍ ငယ်ရွယ်သော​မုဆိုးမတို့​သည် ရန်သူ​အား ကဲ့ရဲ့ခွင့်​ကို မပေးဘဲ ထပ်မံ​အိမ်ထောင်ပြု​ရန်၊ သားသမီးများ​ယူ​ရန်၊ အိမ်မှု​ကိစ္စများ​ထိန်းသိမ်း​ရန် ကျွန်ုပ်​အကြံပေး​လို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ