ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။
၂ တိ 3:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်သည် ကျွန်ုပ်၏သွန်သင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို သိ၏။ Common Language Bible သို့ရာတွင်သင်သည်ငါ၏သြဝါဒ၊ ငါ၏ အကျင့်အကြံနှင့်ငါ၏ဘဝရည်မှန်းချက်ကို သိမြင်ခဲ့ပြီ။ ငါ၏ယုံကြည်ခြင်း၊ ငါ၏သည်း ညည်းခံခြင်း၊ ငါ၏မေတ္တာ၊ ငါ၏ခံနိုင်ရည်၊- Garrad Bible သင် မူ ကား ငါ သင် ကြား ခြင်း၊ လေ့ ကျင့် ခြင်း၊ ကြံ စည် ခြင်း၊ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း မှ စ၍၊ Judson Bible ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုလည်းကောင်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုလည်းကောင်း၊ သင်သည် ရှာဖွေနားလည်ရပြီ။ ထိုသို့သော အမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နုတ်တော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်သည် ငါ၏သွန်သင်ချက်၊ အသက်ရှင်နေထိုင်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌လည်းကောင်း၊ |
ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
ထိုသူတို့ ရောက်လာကြသောအခါ ပေါလုက “ကျွန်ုပ်သည် အာရှပြည်တွင် ပထမဦးဆုံးရောက်သည့်နေ့မှစ၍ သင်တို့နှင့် ရှိနေသော အချိန်တိုင်းတွင် မည်သို့ပြုမူနေထိုင်သည်ကို သင်တို့သိကြပါ၏။
အကျွန်ုပ်သည် ဦးစွာမိမိ၏မွေးရပ်မြေတွင်လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့တွင်လည်းကောင်း ငယ်ရွယ်စဉ်မှစ၍ မည်သို့ပြုမူနေထိုင်ခဲ့သည်ကို ဂျူးလူမျိုးအားလုံးသိကြပါ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
ဤသို့ စီစဉ်သောအခါ ကျွန်ုပ်သည် ပေါ့ပေါ့တန်တန်စီစဉ်သည်ဟု သင်တို့ထင်သလော။ ကျွန်ုပ်သည် အစီအစဉ်များကို ချမှတ်ရာတွင် တစ်ချိန်တည်း၌ “ဟုတ်၏” ဟူ၍လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍လည်းကောင်း စကားနှစ်ခွဖြင့် ပြောဆိုတတ်သော လောကီသားများနှင့် တူသလော။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
သင်တို့အကျိုးအတွက် အမှန်တကယ်အလေးထားမည့် တိမောသေကဲ့သို့သောသူ အခြားတစ်စုံတစ်ယောက်မျှ ကျွန်ုပ်၌ မရှိပါ။
သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
မာကေဒေါနိပြည်သို့ ကျွန်ုပ်သွားစဉ် သင့်ကို တိုက်တွန်းနိုးဆော်ခဲ့သည့်အတိုင်း တိုက်တွန်းလို၏။ သင်သည် ဧဖက်မြို့တွင် နေရစ်၍ လွဲမှားသောအယူဝါဒများ သွန်သင်နေသည့် လူတချို့ကို ထိုသို့မသွန်သင်ကြရန်နှင့်
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
သို့သော် တိမောသေ… သင်သည် ဘုရားသခင်၏လူဖြစ်သောကြောင့် ထိုအရာတို့ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်ရန် အမြဲကြိုးစားလော့။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
တိုက်ပွဲကောင်းကို ကျွန်ုပ်တိုက်ခဲ့ပြီ။ တာအဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းတရားကို စောင့်ထိန်းခဲ့ပြီ။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
အရာအားလုံးသည် ဤနည်းအားဖြင့် ဖျက်ဆီးခံရမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများ ဖြစ်သင့်သနည်း။ သန့်ရှင်းစွာ ပြုမူနေထိုင်လျက် ဘုရားတရားကိုင်းရှိုင်းခြင်းဖြင့်