၂ ကော 1:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ဤသို့ စီစဉ်သောအခါ ကျွန်ုပ်သည် ပေါ့ပေါ့တန်တန်စီစဉ်သည်ဟု သင်တို့ထင်သလော။ ကျွန်ုပ်သည် အစီအစဉ်များကို ချမှတ်ရာတွင် တစ်ချိန်တည်း၌ “ဟုတ်၏” ဟူ၍လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍လည်းကောင်း စကားနှစ်ခွဖြင့် ပြောဆိုတတ်သော လောကီသားများနှင့် တူသလော။ အခန်းကိုကြည့်ပါ။Common Language Bible17 ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။- အခန်းကိုကြည့်ပါ။Garrad Bible17 ထို သို့ အ ကြံ ရှိ သည် မှာ ငါ ပေါ့ ဆ ရာ ရောက် သ လော။ ငါ့ အ ကြံ အ ရွယ် တွင် လည်း လော ကီ ဘာ ဝ အ လိုက် ဧ ကန် အ နေ ကန် ဟူ၍ ဆို ရာ ရောက် လျက် ကြံ ရွယ် တတ် သ လော။ အခန်းကိုကြည့်ပါ။Judson Bible17 ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ မဟုတ်မမှန်၊ မဟုတ်မမှန် ဟူ၍လည်းကောင်း၊ ဖြစ်စေခြင်းငှာ ငါကြံစည်သောအရာကို ဇာတိပကတိအတိုင်း ကြံစည်သလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော၊ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။ အခန်းကိုကြည့်ပါ။ |
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။