၂ ကော 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော၊ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။ အခန်းကိုကြည့်ပါ။Common Language Bible17 ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။- အခန်းကိုကြည့်ပါ။Garrad Bible17 ထို သို့ အ ကြံ ရှိ သည် မှာ ငါ ပေါ့ ဆ ရာ ရောက် သ လော။ ငါ့ အ ကြံ အ ရွယ် တွင် လည်း လော ကီ ဘာ ဝ အ လိုက် ဧ ကန် အ နေ ကန် ဟူ၍ ဆို ရာ ရောက် လျက် ကြံ ရွယ် တတ် သ လော။ အခန်းကိုကြည့်ပါ။Judson Bible17 ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ မဟုတ်မမှန်၊ မဟုတ်မမှန် ဟူ၍လည်းကောင်း၊ ဖြစ်စေခြင်းငှာ ငါကြံစည်သောအရာကို ဇာတိပကတိအတိုင်း ကြံစည်သလော။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ဤသို့ စီစဉ်သောအခါ ကျွန်ုပ်သည် ပေါ့ပေါ့တန်တန်စီစဉ်သည်ဟု သင်တို့ထင်သလော။ ကျွန်ုပ်သည် အစီအစဉ်များကို ချမှတ်ရာတွင် တစ်ချိန်တည်း၌ “ဟုတ်၏” ဟူ၍လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍လည်းကောင်း စကားနှစ်ခွဖြင့် ပြောဆိုတတ်သော လောကီသားများနှင့် တူသလော။ အခန်းကိုကြည့်ပါ။ |
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို “ဟုတ်ပါသည်” မဟုတ်သည်ကို “မဟုတ်ပါ”ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။