Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဘုရားသခင်​သစ္စာ​ရှိတော်မူသည်​နှင့်အမျှ သင်တို့​အား ပြောဆိုသော ကျွန်ုပ်တို့​၏ စကား​သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ဟူ၍ နှစ်ခွ​ဖြစ်သည် မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ထိုက်​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ကဲ့​သို့ ငါ​ပြော​သော​စ​ကား​သည် လည်း​စ​ကား​နှစ်​ခွ​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဘု ရား သ ခင့် သ စ္စာ တော် တည် သည့် အ တိုင်း သင် တို့ အား ငါ တို့ ပြော သော စ ကား သည် ဧ ကန် အ နေ ကန် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဆီ​သို့ ငါ​တို့​ပေး​လိုက်​သော စ​ကား​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ မ​ဆို​လို။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​နှင့်အညီ သင်​တို့​အား ငါ​တို့​ပြောဆို​သော​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:18
10 ပူးပေါင်းရင်းမြစ်များ  

ဗိမာန်တော်​၌ သွန်သင်တော်မူ​စဉ် ယေရှု​က “ငါ​သည် မည်သူ​ဖြစ်ကြောင်း​နှင့် အဘယ်က​လာကြောင်း​ကို သင်တို့​သိကြ၏။ သို့ရာတွင် ငါ​သည် မိမိ​သဘော​နှင့် လာသည်​မဟုတ်ပါ။ ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​သည် စစ်မှန်သော​အရှင် ဖြစ်တော်မူ၏။ ထို​အရှင်​ကို သင်တို့​မသိကြ။


သင်တို့​နှင့်​ပတ်သက်​၍ ငါ​ပြောစရာ​များစွာ၊ စီရင်စရာ​များစွာ ရှိ၏။ သို့သော်လည်း ငါ​မပြော၊ မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ့​ကို​စေလွှတ်တော်မူသော အရှင်​ထံမှ ကြားသိသော​အရာများ​ကိုသာ လောကီသားတို့​ကို ငါ​ဟောပြော၏။ ထို​အရှင်​သည် ဖြောင့်မှန်သော​အရှင် ဖြစ်တော်မူသည်” ဟု မိန့်တော်မူ၏။


သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။


ကောရိန္သုမြို့​သို့ ကျွန်ုပ် ပြန်​မလာရခြင်း​အကြောင်းရင်း​မှာ ကျွန်ုပ်​၏ ပြင်းထန်သော​ဆုံးမခြင်း​မှ သင်တို့​ကို လွတ်စေလို​သောကြောင့်​ဖြစ်ကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြော၏။


ကျွန်ုပ်​လိမ်လည်​၍ မပြောကြောင်း​ကို သခင်​ယေရှု​၏ ခမည်းတော်​ဖြစ်တော်မူသော ထာဝရ​မင်္ဂလာရှိတော်မူသည့်​ဘုရားသခင် သိတော်မူ၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ချီးမွမ်းခံရခြင်း​နှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်း​ပြောခံရခြင်း​နှင့် မကောင်း​ပြောခံရခြင်း​အားဖြင့်​လည်းကောင်း အရာရာတို့​၌ ဘုရားသခင်​၏ အစေခံများ​ဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့​သည် လှည့်ဖြားသူများ​အဖြစ် သတ်မှတ်ခံရ​သော်လည်း ဖြောင့်မှန်သောသူများ​ဖြစ်ကြ၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


လောဒိကိမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ အာမင်​ဖြစ်သောသူ၊ စစ်မှန်​၍ သစ္စာရှိသည့်​သက်သေ​ဖြစ်သောသူ၊ ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာတို့​၏​အစအဦး​ဖြစ်သောသူ​က ဤသို့​မိန့်တော်မူ၏။


ဖိလဒေလဖိမြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ သန့်ရှင်း​၍ မှန်သော​စကား​ကို​ပြောသူ၊ ဒါဝိဒ်​မင်း​၏​အခွင့်အာဏာ​သော့​ကို ရရှိထားသူ၊ မည်သူ​မျှ​မပိတ်​နိုင်အောင် ဖွင့်​၍ မည်သူ​မျှ​မဖွင့်​နိုင်အောင် ပိတ်သူ​က ဤသို့​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ