၁ တိ 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ဤညွှန်ကြားချက်များကိုညီအစ်ကိုတို့အား ပေးအပ်မည်ဆိုပါမူ သင်သည်မိမိလိုက်နာ သည့်ယုံကြည်ချက်နှင့်မှန်ကန်သည့်အယူ ဝါဒကိုမှီဝဲကျင့်သုံးလျက် ခရစ်တော် ယေရှု၏အစေခံကောင်းဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible6 ထို အ တိုင်း ညီ အစ် ကို တို့ အား ဆင့် ဆို လျှင် သင် သည် လိုက် နာ ခဲ့ ပြီး သော ဒေ သ နာ မြတ် နှင့် ယုံ ကြည် ခြင်း တ ရား စ ကား များ ကြောင့် ကျွေး မွေး ခြင်း ခံ ရ သည့် အ လျောက် ခ ရစ် တော် ယေ ရှု၏ ကောင်း သော အ မှု တော် ဆောင် ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးမြူခြင်းကို ခံသော ယေရှုခရစ်၏ ဓမ္မဆရာကောင်းဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။