Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 3:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သို့သော် သင်​သည် ငါ​၏​သွန်သင်​ချက်၊ အသက်ရှင်​နေထိုင်​မှု၊ အကြံအစည်၊ ယုံကြည်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​ရာ​တွင်​သင်​သည်​ငါ​၏​သြ​ဝါ​ဒ၊ ငါ​၏ အ​ကျင့်​အ​ကြံ​နှင့်​ငါ​၏​ဘ​ဝ​ရည်​မှန်း​ချက်​ကို သိ​မြင်​ခဲ့​ပြီ။ ငါ​၏​ယုံ​ကြည်​ခြင်း၊ ငါ​၏​သည်း ညည်း​ခံ​ခြင်း၊ ငါ​၏​မေတ္တာ၊ ငါ​၏​ခံ​နိုင်​ရည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 သင် မူ ကား ငါ သင် ကြား ခြင်း၊ လေ့ ကျင့် ခြင်း၊ ကြံ စည် ခြင်း၊ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း မှ စ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10-11 ငါ​ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ကျင့်​ကျင့်​ခြင်း၊ ကြံ​စည်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း​တို့​ကို​လည်း​ကောင်း၊ အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့၊ လု​တ္တ​ရ​မြို့​တို့၌ ငါ​ခံ​ရ​သ​ကဲ့​သို့၊ အ​ရပ်​ရပ်​တို့၌ ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​သည် ရှာ​ဖွေ​နား​လည်​ရ​ပြီ။ ထို​သို့​သော အ​မှု​တို့​ကို ငါ​တွေ့​ရ​သော်​လည်း၊ တွေ့​သ​မျှ​တို့​မှ သ​ခင်​ဘု​ရား​သည် ငါ့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သို့သော် သင်​သည် ကျွန်ုပ်​၏​သွန်သင်ခြင်း၊ ကျင့်ကြံ​နေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း​တို့ကို သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 3:10
27 ပူးပေါင်းရင်းမြစ်များ  

ဒံယေလ​သည် ဘုရင့်​အစားအစာ​နှင့် ဘုရင်​သောက်​သော​စပျစ်ဝိုင်​တို့​ဖြင့် မိမိကိုယ်ကို​မ​ညစ်ညူး​စေရန် စိတ်ပိုင်းဖြတ်​ထား​သဖြင့် ထို​အရာ​တို့​ဖြင့် မိမိကိုယ်ကို​ညစ်ညူး​အောင်​မ​ပြု​ပါရစေ​နှင့်​ဟု နန်းတော်အုပ်​ထံ အခွင့်တောင်း​လေ​၏​။


အလုံးစုံ​တို့​ကို အစ​မှစ၍ သေချာ​စွာ​စိစစ်​လေ့လာ​ခဲ့​သော​ငါ​သည်​လည်း အသင် သင်ယူ​ခဲ့​ပြီး​သော​အကြောင်းအရာ​များ ဧကန်​အမှန်​ဖြစ်ကြောင်း​သိရှိ​စေရန် ၎င်း​တို့​ကို အသင့်​ထံ အစဉ်လိုက်​ရေးသား​သင့်​သည်​ဟု​ထင်မှတ်​ပါ​၏။


ဗာနဗ​သည် ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​မြင်​သောအခါ ဝမ်းမြောက်​လျက် ထို​သူ​အပေါင်း​တို့​အား စိတ်နှလုံး​ခိုင်မြဲ​စွာ​ဖြင့် သခင်​ဘုရား​၌ ဆက်လက်​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လေ​၏။


ထို​သူ​တို့​သည် တမန်တော်​တို့​၏​သွန်သင်​ချက်​ကို​ခံယူ​ခြင်း၊ မုန့်​ဖဲ့​ခြင်း၊ မိတ်သဟာယ​ဖွဲ့​ခြင်း​နှင့် ဆုတောင်း​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​၏။


သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။


အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲ၌​လည်းကောင်း၊ ဂျေရုဆလင်​မြို့​၌​လည်းကောင်း အစ​ပြု​ခဲ့​သည့် ငယ်ရွယ်​စဉ်​ဘဝ​မှစ၍ အကျွန်ုပ်​မည်ကဲ့သို့​ပြုမူ​နေထိုင်​ခဲ့​သည်​ကို ဂျူး​လူမျိုး​အားလုံး​သိ​ကြ​ပါ​သည်။


ညီအစ်ကို​တို့၊ သင်​တို့​ခံယူ​ပြီး​သော​သွန်သင်​ချက်​ကို​ဆန့်ကျင်​၍ ကွဲပြား​ခြင်း​နှင့်​မှားယွင်း​ခြင်း​တို့​ကို ဖြစ်ပွား​စေ​သော​သူ​တို့​ကို​သတိပြု​လျက် ရှောင်ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။


ဤသို့​စီစဉ်​သောအခါ ငါ​သည် ပေါ့ပေါ့တန်တန်​စီစဉ်​ခဲ့​သလော၊ သို့မဟုတ် ငါ​စီစဉ်​သော​အရာ​များ​ကို ဇာတိ​သဘော​ဖြင့်​စီစဉ်​ခဲ့​သောကြောင့် ငါ့​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏။ ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ။ မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​ခဲ့​သလော။


ဤသို့ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်ကျစ်​စဉ်းလဲ​မှု​နှင့် ပရိယာယ်​ဖြင့်​လှည့်ဖြား​တတ်​သည့်​လျှို့ဝှက်​အကြံအစည်​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည့်​သြဝါဒ​လေ​အမျိုးမျိုး​၌ လွင့်ပါ​၍​လူးလွန့်​နေ​သော ကလေး​သူငယ်​များ​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ


အကြောင်းမူကား တိမောသေ​ကဲ့သို့ ငါ​နှင့်​စိတ်​သဘောချင်း​တူ​၍ သင်​တို့​အကျိုး​ကို အမှန်တကယ်​အလေးထား​ဂရုစိုက်​မည့်​သူ တစ်စုံတစ်ဦး​မျှ ငါ​၌​မ​ရှိ။


သို့သော် တိမောသေ​သည် ငါ​နှင့်အတူ သား​အဖ​ကဲ့သို့ ကောင်းမြတ်​သော​သတင်း​အတွက် အစေခံ​ခဲ့​သောကြောင့် သူ​၏​ရင့်ကျက်​သော​ပါရမီ​ကို သင်​တို့​သိ​ကြ​၏။


အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။


မာကေဒေါနိ​ပြည်​သို့​သွား​စဉ်​က သင့်​ကို ငါ​တိုက်တွန်း​နှိုးဆော်​ခဲ့​သည့်​အတိုင်း သင်​သည် ဧဖက်​မြို့​၌​နေရစ်​၍ လူ​အချို့​တို့​အား ခြားနား​သော​ဩဝါဒ​ကို မ​သွန်သင်​ကြ​ရန်​လည်းကောင်း၊


ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။


အို ဘုရားသခင်​၏​လူ၊ သင်​မူကား ထို​အရာ​များ​ကို​ရှောင်​၍ ဖြောင့်မတ်​ခြင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်းခံ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။


ထို့ကြောင့် သင်​သည် လူငယ်​တို့​၏​တပ်မက်​ခြင်း​များ​ကို​ရှောင်​၍ စင်ကြယ်​သော​စိတ်နှလုံး​ဖြင့် သခင်​ဘုရား​ကို​ပတ္ထနာ​ပြု​သော​သူ​တို့​နှင့်အတူ ဖြောင့်မတ်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်သက်​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။


နှုတ်ကပတ်တော်​ကို​ဟောပြော​လော့။ အခွင့်အခါ​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ မဆုတ်မနစ်​ကြိုးစား​လော့။ စိတ်ရှည်​ခြင်း​အပြည့်အဝ​ဖြင့်​သွန်သင်​လျက် အပြစ်​ဖော်ပြ​ခြင်း၊ သတိပေး​ခြင်း၊ တိုက်တွန်း​နှိုးဆော်​ခြင်း​တို့​ကို​ပြု​လော့။


အကြောင်းမူကား လူ​တို့​သည် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို သည်းခံ​နာယူ​နိုင်​ခြင်း​မ​ရှိ​သဖြင့် မိမိ​တို့​တပ်မက်​ခြင်း​အတိုင်း နား​ခံသာ​သော​အရာ​ကို​ဟောပြော​သည့်​ဆရာ​များ​ကို​စုရုံး​စေ​ကာ


ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။


အရာရာ​၌ ကောင်း​သော​လုပ်ဆောင်မှု​၏​စံနမူနာ​ကို သင်​ကိုယ်တိုင်​ပြသ​လော့။ ဩဝါဒ​ပေး​ရာ​တွင် သမာဓိ​နှင့်​တည်ကြည်​လေးနက်​ခြင်း​ရှိ​လျက်


ထူးခြား​သော​သွန်သင်​ချက်​အမျိုးမျိုး​နောက်​သို့ လိုက်ပါ​မ​သွား​ကြ​နှင့်။ အကြောင်းမူကား စားစရာ​အားဖြင့်​မ​ဟုတ်​ဘဲ ကျေးဇူး​တော်​အားဖြင့် စိတ်နှလုံး​ကို​တည်မြဲ​စေ​ခြင်း​သည် ကောင်းမြတ်​ပေ​၏။ စားစရာ​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​သည် အကျိုး​ကို​မ​ရရှိ​ကြ​ပေ။


ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ