Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 3:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့​တို့​တွင် ကျွန်ုပ်​မည်သို့​ညှဉ်းပန်းနှိပ်စက် ခံရ​၍ ဆင်းရဲဒုက္ခ​ကြုံခဲ့ရသည်​ကိုလည်း သင်​သိ၏။ သို့သော် သခင်ဘုရား​သည် ထို​ဆင်းရဲဒုက္ခ​အပေါင်း​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ များ​ကို​သင်​သည်​တွေ့​မြင်​ခဲ့​ပေ​သည်။ အန္တိ​အုတ် မြို့၊ ဣ​ကော​နိ​မြို့​နှင့်​လုတ္တိ​ရ​မြို့​တို့​တွင်​ညှဉ်း​ဆဲ နှိပ်​စက်​ခြင်း​အ​မျိုး​မျိုး​တို့​ကို​ငါ​ခံ​ခဲ့​ရ​ကြောင်း သင်​သိ​၏။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​ငါ့ အား​ထို​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ န္တိ အုတ်၊ ဣ ကော နိ၊ လု တ္တ ရ မြို့ များ တွင် သင့် ရောက် ရာ နှိပ် စက် ညှဉ်း ပန်း ခြင်း များ၌ ငါ့ ပုံ စံ လိုက် ခဲ့ လေ ပြီ။ ထို သို့ ခံ ခဲ့ ရာ ညှဉ်း ပန်း ခြင်း အ မျိုး မျိုး မှ အ ရှင် ဘု ရား လွတ် မြောက် စေ တော် မူ ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 3:11
43 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ပေရဂေမြို့​ကို​ဖြတ်သွား​၍ ပိသိဒိပြည်​ရှိ အန္တိအုတ်မြို့​သို့ ရောက်ကြ၏။ ဥပုသ်နေ့​တွင် ဂျူးဝတ်ပြုဆောင်​သို့​ဝင်​၍ ထိုင်ကြ၏။


သို့သော် ဂျူးတို့​သည် ထို​လူအုပ်​ကို မြင်​သောအခါ မနာလိုစိတ်​နှင့် ပြည့်ကြ​သဖြင့် ပေါလု​ဟောပြောသော​အရာများ​ကို ဆန့်ကျင်​၍ ပေါလု​အား စော်ကားပြောဆိုကြ၏။


လုတ္တရမြို့​တွင် မွေးရာပါ ခြေမသန်​သဖြင့် တစ်ခါ​မျှ လမ်းမလျှောက်နိုင်သော​သူ​တစ်ဦး​ရှိ၏။


ဂျူးတို့​၏​မကောင်းသော​အကြံစည်များ​အားဖြင့် ကျွန်ုပ်​ထံ​ရောက်လာသော နှောင့်ယှက်မှုများ​ကို သည်းခံ​လျက်နှင့်ပင် နှိမ့်ချ​၍ မျက်ရည်များ​ကျ​ကာ သခင်ဘုရား​အား အစေခံခဲ့၏။


ငြင်းခုံမှု​ပို၍​ပြင်းထန်လာ​သဖြင့် တပ်မှူးကြီး​က ပေါလု​အပိုင်းပိုင်း​ဆွဲဖြတ်ခံရမည်​ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူ​က “ပေါလု​ကို သူတို့​ထံမှ အတင်း​ခေါ်ဆောင်လာ​၍ စခန်း​အတွင်း​သို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများ​အား အမိန့်ပေးလေ၏။


ငါ​သည် ဂျူးတို့​၏​လက်​မှ​လည်းကောင်း၊ လူမျိုးခြားတို့​၏​လက်​မှ​လည်းကောင်း၊ သင့်​ကို​ကယ်တင်မည်။ သင့်​ကို​လူမျိုးခြားများ​ထံသို့ ငါ​စေလွှတ်မည်။


သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏ ကူညီမစတော်မူခြင်း​ကို ခံရ​သောကြောင့် ယနေ့​တိုင်အောင်​ရပ်တည်​လျက် လူတန်းစား​အနိမ့်​အမြင့်​မရွေးဘဲ လူ​အပေါင်းတို့​အား ဟောပြောပါ၏။ ထိုသို့​ဟောပြောရာ​တွင်လည်း ပရောဖက်များ​နှင့် မောရှေ​တို့​ဟောပြောခဲ့သည့် နောင်​အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုသာ ဟောပြောပါ၏။


သူ​သည် ငါ့​အမည်​နာမ​ကြောင့် မည်မျှ​ဒုက္ခ​ခံရမည်​ကို ငါ​ကိုယ်တိုင် သူ့​အား​ပြမည်” ဟု မိန့်တော်မူ၏။


ယေရှု​ခရစ်တော်​ကို မယုံကြည်သော ယုဒပြည်​၌​ရှိသည့် လူတို့​၏ လက်​မှ ကျွန်ုပ်​လွတ်​ရန်​နှင့် ဂျေရုဆလင်မြို့​၌ ရှိသည့် ယုံကြည်သူများ​သည် ကျွန်ုပ်​ယူဆောင်လာမည့် အလှူ​ကို လက်ခံ​လိုသော​စိတ် ရှိ​စေရန် ဆုတောင်းကြလော့။


ခရစ်တော်​ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခ​သည် များပြားလှသည်​နည်းတူ ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှု​သည်လည်း များပြားလှ၏။


သင်တို့ ဆက်လက်​၍ သည်းခံနိုင်မည်​ဟု ကျွန်ုပ်တို့ ခိုင်မြဲ​စွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆင်းရဲဒုက္ခ​ကို ကျွန်ုပ်တို့​နှင့်အတူ မျှဝေခံစားရ​သကဲ့သို့ နှစ်သိမ့်ခြင်း​ကိုလည်း မျှဝေခံစားရမည်​ကို ကျွန်ုပ်တို့ သိ​သောကြောင့်​ဖြစ်၏။


သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


တိုက်ပွဲကောင်း​ကို ကျွန်ုပ်​တိုက်ခဲ့ပြီ။ တာ​အဆုံး​တိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်း​တရား​ကို စောင့်ထိန်းခဲ့ပြီ။


ထာဝရဘုရား​သည် ယခင်​က ထိုသို့​ပြုတော်မူ​သောကြောင့် ဘုရားတရား​ကိုင်းရှိုင်းသူတို့​ကို ဆင်းရဲဒုက္ခ​ထဲမှ မည်သို့​ကယ်တင်​ရမည်​ကို​လည်းကောင်း၊ မဖြောင့်မတ်သောသူတို့​ကို တရားစီရင်ရာနေ့​တိုင်အောင် မည်သို့​အပြစ်ဒဏ်ပေး​၍ ထိန်းသိမ်းထား​ရမည်​ကို​လည်းကောင်း သိတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ