ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
၂ တိ 2:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသိသက်သေများစွာ ရှေ့၌ ကျွန်ုပ်သွန်သင်သည့်အရာများကို သင်ကြားသိရ၏။ ထိုအရာများကို ယုံကြည်စိတ်ချရ၍ သွန်သင်တတ်သောသူတို့အား လက်ဆင့်ကမ်းလော့။ Common Language Bible အသိသက်သေများရှေ့တွင်ငါသွန်သင်ခဲ့ သည့်အရာများကိုသင်သည်ကြားသိရလေ ပြီ။ သူတစ်ပါးတို့အားတစ်ဆင့်သွန်သင်နိုင် မည်ဟုစိတ်ချယုံကြည်ရသူတို့အားထို သွန်သင်ချက်များကိုလက်ဆင့်ကမ်းလော့။ Garrad Bible ခွန် အား ရှိ လျက် သက် သေ များ ရှေ့ ငါ့ ထံ မှ ကြား နာ ရ သော အ ကြောင်း အ ရာ များ ကို သ စ္စာ နှင့် ပြည့် စုံ၍ သင် ကြား တတ် သော ဆ ရာ တို့ အား တစ် ဆင့် လွှဲ အပ် လော့။ Judson Bible သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။- မြန်မာ့စံမီသမ္မာကျမ်း များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။ |
ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အရာရာကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း ထင်မှတ်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သည် ဘုရားသခင်ထံမှ ဖြစ်၏။
သင်တို့သည် ထိုသတင်းကောင်းကို ကျွန်ုပ်တို့နှင့် အစေခံချင်းဖြစ်သည့် ချစ်ခင်ရသော ဧပဖြထံမှ ကြားနာခဲ့ရ၏။ သူသည် ခရစ်တော်၏ သစ္စာရှိသောအမှုဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်စား ကူညီဆောင်ရွက်နေသောသူ ဖြစ်၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။
ကျွန်ုပ်၏သား တိမောသေ… ယခင်က သင့်ကို ရည်စူး၍ ပရောဖက်တို့ဟောပြောခဲ့သော အရာများကို အခြေခံ၍ သင့်ကို ကျွန်ုပ်ညွှန်ကြားလိုက်၏။ ထိုဟောပြောချက်များကို လိုက်နာခြင်းဖြင့် တိုက်ပွဲကို ကောင်းစွာ တိုက်ခိုက်နိုင်ရန် ဖြစ်၏။
ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
အသင်းတော်ခေါင်းဆောင်တစ်ဦးကို လက်တင်မင်္ဂလာပေး၍ ခန့်အပ်ရာတွင် မည်သည့်အခါမျှ အလျင်စလိုမလုပ်နှင့်။ အခြားသူတို့ အပြစ်ကျူးလွန်ရာတွင် မပါဝင်နှင့်။ မိမိကိုယ်ကိုယ် ဖြူစင်သန့်ရှင်းစေလော့။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
သို့သော် သင်သည် ကျွန်ုပ်၏သွန်သင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို သိ၏။
သို့သော်လည်း မိမိသင်ယူပြီး ခိုင်မြဲစွာ ယုံကြည်သောအရာများကို ဆက်လက်၍ ယုံကြည်လော့။ ထိုအရာတို့ကို မည်သူ့ထံမှ သင်ယူခဲ့သည်ကို သင်သိ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။