Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ကျွန်ုပ်​၏​သား တိမောသေ… ယခင်က သင့်​ကို ရည်စူး​၍ ပရောဖက်တို့​ဟောပြောခဲ့သော အရာများ​ကို အခြေခံ​၍ သင့်​ကို ကျွန်ုပ်​ညွှန်ကြားလိုက်၏။ ထို​ဟောပြောချက်များ​ကို လိုက်နာခြင်း​ဖြင့် တိုက်ပွဲ​ကို ကောင်းစွာ တိုက်ခိုက်​နိုင်ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18-19 ငါ့ သား တိ မော သေ၊ သင် သည် ယုံ ကြည် သော သ ဘော နှင့် ကြည် လင် သော သြ တ္တ ပ္ပ စိတ် စွဲ မြဲ လျက် စစ် မြတ် မှု ထမ်း ရ စေ ခြင်း ငှါ သင့် ကို ရည်၍ ဟော နှင့် ခဲ့ ကြ သည့် အ တိုင်း မိန့် မှာ ရင်း အ ချက် ကို ငါ ဆင့် ဆို၏။ ထို စိတ် သ ဘော မျိုး ကို အ ချို့ တို့ ပစ် ပယ် သ ဖြင့် ယုံ ကြည် ခြင်း သင်္ဘော ပျက် ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ငါ့​သား​တိ​မော​သေ၊ သင့်​ကို​ရည်​မှတ်၍ ဟော​ပြော​ခဲ့​ပြီး​သော အ​နာ​ဂ​တ္တိ​စ​ကား​ကို သင်​သည်​အ​မှီ​ပြု၍၊ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကြည်​လင်​ခြင်း​ကို​လည်း​ကောင်း စွဲ​လမ်း၍ ကောင်း​သော​စစ်​ကို တိုက်​စေ​ခြင်း​ငှာ၊ ထား​ခဲ့​ပြီး​သော ထို​အ​နာ​ဂ​တ္တိ​စ​ကား​နှင့်​အ​ညီ၊ အ​ထက် ငါ​ဆို​ခဲ့​ပြီး​သော ပ​ညတ်​ထား​ခြင်း​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ငါ့​သား​တိမောသေ၊ သင်​နှင့်​ပတ်သက်၍ ယခင်​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​နှင့်အညီ ဤ​ညွှန်ကြားချက်​ကို သင့်​အား ငါ​ပေး​၏။ ဤသည်ကား သင်​သည် ယုံကြည်​ခြင်း​နှင့်​ကြည်လင်​သော​အသိစိတ်​တို့​ကို​စွဲကိုင်​လျက် ထို​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​အားဖြင့် ကောင်း​သော​တိုက်ပွဲ​ကို တိုက်ခိုက်​နိုင်​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:18
19 ပူးပေါင်းရင်းမြစ်များ  

ပေါလု​သည် ဒေရဗေမြို့​နှင့် လုတ္တရမြို့​သို့ ရောက်လာ၏။ လုတ္တရမြို့​တွင် တိမောသေ​ဟု ခေါ်သော တပည့်တော်​တစ်ဦး​ရှိ၏။ သူ​၏​မိခင်​သည် ယုံကြည်သူ ဂျူး​အမျိုးသမီး​ဖြစ်ပြီး ဖခင်​မှာ ဂရိ​အမျိုးသား​ဖြစ်၏။


ထို​အကြောင်း​ကြောင့် သခင်ဘုရား​အပေါ် သစ္စာရှိသော ကျွန်ုပ်​၏​ချစ်သား တိမောသေ​ကို သင်တို့​ထံ စေလွှတ်ရခြင်း​ဖြစ်၏။ သူ​သည် ကျွန်ုပ် ရောက်ခဲ့သော​အသင်းတော်​တိုင်း​တွင် သွန်သင်ခဲ့သည့်​အတိုင်း ကျွန်ုပ်​မည်သို့ ယေရှု​ခရစ်တော်​နောက် လိုက်နေကြောင်း​ကို သင်တို့​အား သတိရစေ​လိမ့်မည်။


မည်သူ​သည် မိမိ​စရိတ်​ဖြင့် စစ်မှုထမ်း​ရသနည်း။ မည်သူ​သည် စပျစ်ခြံ​ကို စိုက်ပျိုး​ပြီး ထို​ခြံထွက်​အသီး​ကို မစားဘဲ​နေရသနည်း။ မည်သူ​သည် သိုးအုပ်​ကို ထိန်းကျောင်း​ပြီး သိုးနို့​ကို မသောက်ဘဲ​နေရသနည်း။


သို့သော် တိမောသေ​ကမူ သတင်းကောင်း​ကို ဟောပြောရာ​တွင် ကျွန်ုပ်​နှင့်အတူ သားအဖ​ကဲ့သို့ သစ္စာရှိ​စွာ အစေခံ​ပြီး ခရစ်တော်​၏ အကျိုး​ကိုသာ ရှာကြောင်း သက်သေ​ပြခဲ့သည်​ကို သင်တို့​သိကြ၏။


သခင်ဘုရား​ကို ယုံကြည်​သောကြောင့် ကျွန်ုပ်​၏ သား​အရင်းအချာ​သဖွယ်​ဖြစ်သော တိမောသေ​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်၊ ကရုဏာ​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။


ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာ​အားလုံး​သည် ကောင်းသည်​ဖြစ်​၍ ကျေးဇူးတော်​ချီးမွမ်း​လျက် စားသုံးသည်​ကို မတားမြစ်​သင့်ပါ။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


ဤ​စာ​သည် ချစ်သော​သား တိမောသေ​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်၊ ကရုဏာ​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


တိုက်ပွဲကောင်း​ကို ကျွန်ုပ်​တိုက်ခဲ့ပြီ။ တာ​အဆုံး​တိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်း​တရား​ကို စောင့်ထိန်းခဲ့ပြီ။


ကျွန်ုပ်​နှင့် ယုံကြည်ချက်​တူညီ​၍ ကျွန်ုပ်​၏ သား အရင်းအချာ​ကဲ့သို့ ဖြစ်သော တိတု​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကယ်တင်ရှင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


အကျဉ်းချ​ခံရစဉ် ကျွန်ုပ်​၏ သား​သဖွယ်​ဖြစ်လာသော ဩနေသိမ်​အတွက် သင့်​ကို တောင်းပန်​လို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ