Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 3:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သို့သော်လည်း မိမိ​သင်ယူပြီး ခိုင်မြဲ​စွာ ယုံကြည်သော​အရာများ​ကို ဆက်လက်​၍ ယုံကြည်လော့။ ထို​အရာတို့​ကို မည်သူ့​ထံမှ သင်ယူခဲ့သည်​ကို သင်​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​သော်​သင်​သည်​မိ​မိ​သင်​ယူ​၍​စွဲ​မြဲ​စွာ ယုံ​ကြည်​သည့်​သစ္စာ​တ​ရား​များ​ကို​စောင့်​ထိန်း လော့။ သင်​အ​ဘယ်​သူ​တို့​ထံ​မှ​နည်း​နာ​ခံ​ခဲ့ သည်​ကို​သင်​သိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14-15 သင် မူ ကား မည် သူ့ ထံ မှ သင် ကြား ခဲ့ ရ ကြောင်း ကို လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း ဖြင့် ကယ် တင် ရာ ရောက် စေ ခြင်း ငှါ ဉာဏ် ပ ညာ နှင့် ပြည် စုံ စေ နိုင် သော သ မ္မာ ကျမ်း ဂန် ကို ငယ် ရွယ် စဉ် က သိ ခဲ့ ရ ကြောင်း ကို လည်း ကောင်း၊ မှတ် သား လျက် ထို သင် ကြား စိတ် ချ ခဲ့ ရ သော အ ရာ များ၌ တည် နေ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14-15 သင်​သည်​အ​ဘယ်​သူ​ထံ၌ နည်း​ခံ​ခဲ့​ပြီး​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​ပေး​နိုင်​သော ဓ​မ္မ​ကျမ်း​စာ​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ လေ့​ကျက်​သည်​ကို​လည်း​ကောင်း သိ​မှတ်​သည်​နှင့်၊ အ​ထက်​က​သင်၍ နှ​လုံး​သွင်း​မိ​သော အ​ယူ​ဝါ​ဒ၌ တည်​နေ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​မူကား မိမိ​သင်ယူ​၍ အခိုင်အမာ​ယုံကြည်​သည့်​အရာ​များ​၌ တည်​နေ​လော့။ အဘယ်ကြောင့်​ဆိုသော် သင်​သည် ထို​အရာ​တို့​ကို မည်သူ​တို့​ထံမှ သင်ယူ​ခဲ့​သည်​ကို​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 3:14
12 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ခန့်အပ်သော အရှင်​အားဖြင့် လောက​ကို မှန်ကန်​စွာ တရားစီရင်​ရန် နေ့​တစ်နေ့​ကို သတ်မှတ်ထား​တော်မူ​သောကြောင့်​ဖြစ်၏။ ထို​အရှင်​ကိုလည်း သေရာ​မှ ထမြောက်စေတော်မူခြင်း​ဖြင့် ထိုသို့​ဖြစ်မည့်​အကြောင်း​ကို ကျွန်ုပ်တို့​အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။


တချို့​က နေ့​တစ်နေ့​သည် အခြားသော နေ့​တစ်နေ့​ထက် ပို​၍ မြင့်မြတ်သည်​ဟု ယူဆ​ပြီး တချို့​ကမူ နေ့ရက်​တိုင်း​သည် အတူတူ​ပင် ဖြစ်သည်​ဟု ယူဆကြ၏။ မည်သို့ပင်​ဖြစ်စေ လူတိုင်း မိမိတို့​၏ ယူဆချက်​အပေါ် အပြည့်အဝ​ယုံကြည်မှု ရှိပါစေ။


ဤသို့​ကြိုးပမ်းရခြင်း​သည် သူတို့​စိတ်ခွန်အား ရရှိ​၍ အချင်းချင်း ချစ်ခင်​စည်းလုံးလာကြ​ရန် ဖြစ်၏။ သို့မှသာ သူတို့​သည် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ဖြစ်သည့် ခရစ်တော်​ကို သိရှိ​နားလည်ကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်မည် ဖြစ်၏။


ကျွန်ုပ်တို့​သည် သတင်းကောင်း​ကို စကား​သက်သက်​ဖြင့် မဟောပြောဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုးတော်​ဖြင့်​လည်းကောင်း၊ ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့်​လည်းကောင်း သင်တို့​ထံ ဟောပြောကြ၏။ ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်အခါက သင်တို့​အကျိုး​ကို ထောက်​၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့​အသိ​ပင် ဖြစ်၏။


သင်တို့​သည် ကျွန်ုပ်တို့​ထံမှ ကြားနာသော ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို လူ့​စကား​အဖြစ် မဟုတ်ဘဲ ဘုရားသခင်​၏ နှုတ်ကပတ်တော်​အဖြစ် လက်ခံ​သောကြောင့် ဘုရားသခင်​ကို ကျွန်ုပ်တို့ အစဉ်အမြဲ​ကျေးဇူးတင်ကြ၏။ ထို​နှုတ်ကပတ်တော်​သည် အမှန်​ပင်လည်း ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဖြစ်​၍ ခရစ်တော်​ကို ယုံကြည်သော​သင်တို့​အထဲ​တွင် သက်ဝင်​လှုပ်ရှားတော်မူ၏။


သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။


ကျွန်ုပ်​ထံမှ ကြားရသည့် မှန်ကန်သော​တရားစကား​ကို စံနမူနာ​အဖြစ် ခံယူ​၍ ခရစ်တော်​ကို ဆက်လက်​ယုံကြည်​လျက် လူတို့​ကို ချစ်လော့။ ဤသို့ သင်​လုပ်ဆောင်နိုင်သည်​မှာ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိသောကြောင့်​ဖြစ်၏။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြင့် ကယ်တင်ခံရ​ရန် လမ်းညွှန်သည့်​ဉာဏ်ပညာ​ကို သင့်​အား ပေးနိုင်သော ကျမ်းစာတော်​နှင့် သင်​သည် ငယ်​စဉ်​ကတည်းက ရင်းနှီးကျွမ်းဝင်သည်​ကို သင်​သိ၏။


သူ​သည် မိမိ​လက်ခံထားသည့် စစ်မှန်သော​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ​သည် အခြား​သူများ​ကို မှန်ကန်သော​သွန်သင်မှု​ဖြင့် အားပေး​နိုင်ပြီး ဆန့်ကျင်သူတို့​၏ အမှားများ​ကိုလည်း ချေပနိုင်မည်​ဖြစ်၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​၏​စိတ်နှလုံးသား​ကို အပြစ်ရှိကြောင်း​ထင်မှတ်သော​အသိစိတ်​မှ ရှင်းလင်း​စေရန် ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာ​ကိုလည်း သန့်စင်သော​ရေ​ဖြင့် ဆေးကြောခြင်းတို့​ကို ခံယူ​လျက် စစ်မှန်သော​စိတ်နှလုံး​နှင့် ယုံကြည်ခြင်း​ကြောင့် ဖြစ်တည်သော စိတ်ချမှု​အပြည့်​ဖြင့် ဘုရားသခင်​ထံ ချဉ်းကပ်ကြပါစို့။


သင်တို့​တစ်ဦးစီ​တိုင်း​သည် အဆုံး​တိုင်အောင် စိတ်အားထက်သန်မှု​ကို ယခု​အတိုင်း ပြသနိုင်​ရန် ကျွန်ုပ်တို့​အလို​ရှိ၏။ သို့မှသာ သင်တို့​မျှော်လင့်သည့်​အရာ​ကို အသေအချာ ရရှိ​နိုင်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ