၂ တိ 3:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 သင်ငယ်ရွယ်စဉ်အခါမှစ၍အသိပညာ ကိုပေး၍ခရစ်တော်ယေရှုကိုယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိစေရန်လမ်းညွှန်သော ကျမ်းစာတော်မြတ်ကိုကောင်းစွာသိရှိခဲ့သူ ဖြစ်ကြောင်းကိုသင်သိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။ အခန်းကိုကြည့်ပါ။ |
ပေါလုသည် ဤအကြောင်းအရာများနှင့်ပတ်သက်၍ သူ၏စာအားလုံးတွင်လည်း ဤအတိုင်းပင် ရေးသားထား၏။ သူ၏ စာများထဲတွင် နားလည်ရန် ခက်ခဲသော အကြောင်းအရာတချို့ ပါဝင်၏။ မသိနားမလည်သူများနှင့် တည်ငြိမ်ရင့်ကျက်မှုမရှိသောသူများသည် အခြားကျမ်းများကို ပြုသကဲ့သို့ ထိုစာ၏ အနက်ကိုလည်း မှောက်လှန်၍ မိမိကိုယ်ကိုယ် ပျက်စီးစေတတ်ကြ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။