၂ တိ 3:15 - မြန်မာ့စံမီသမ္မာကျမ်း15 ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 သင်ငယ်ရွယ်စဉ်အခါမှစ၍အသိပညာ ကိုပေး၍ခရစ်တော်ယေရှုကိုယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိစေရန်လမ်းညွှန်သော ကျမ်းစာတော်မြတ်ကိုကောင်းစွာသိရှိခဲ့သူ ဖြစ်ကြောင်းကိုသင်သိ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
သူသည် အခြားစာအားလုံးထဲတွင်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ ပြောထား၏။ ထိုစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာအချို့ရှိ၏။ အသိပညာမဲ့၍ မတည်ကြည်သောသူတို့သည် အခြားသောကျမ်းများအပေါ်၌လည်းပြုသကဲ့သို့ ထိုစာ၏အနက်ကို လိုရာဆွဲ၍ မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ရောက်စေကြ၏။