ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
၂ ကော 9:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ လှူဒါန်းခြင်းအမှုကြောင့် လက်ခံရရှိသောသူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့မှစ၍ ယုံကြည်သူအပေါင်းတို့အား ရက်ရောစွာ လှူဒါန်းခြင်းသည် ခရစ်တော်၏ သတင်းကောင်းကို သင်တို့နာခံကြောင်း သက်သေပြလိမ့်မည်။ Common Language Bible ဤကောင်းမှု၏သာဋ္ဌကကိုထောက်၍လူ အမြောက်အမြားတို့သည်ခရစ်တော်အကြောင်း သတင်းကောင်းကိုသစ္စာရှိစွာသင်တို့ခံယူ ယုံကြည်ကြသည့်အတွက်လည်းကောင်း၊ သင် တို့၏စည်းစိမ်ချမ်းသာများကိုမိမိတို့နှင့် အခြားသူအပေါင်းတို့အား ရက်ရောစွာ ဝေမျှပေးကမ်းကြသည့်အတွက်လည်း ကောင်း ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးကြပေအံ့။- Garrad Bible ဤ ထောက် ပံ့ မှု သက် သေ ကို ထောက် ၍ သူ တို့ သည် ခ ရစ် တော် ၏ သ တင်း တော် မြတ် ကို သင် တို့ ဝန် ခံ လိုက် နာ ကြ သော ကြောင့် လည်း ကောင်း၊ ကိုယ် တိုင် မှ စ၍ သူ ခပ် သိမ်း တို့ အား သင် တို့ လှူ ဒါန်း ကြ သော ကြောင့် လည်း ကောင်း၊ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း လျက်၊ Judson Bible သင်တို့သည် ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာလိုက်ခြင်း အလိုကိုလည်းကောင်း၊ ထိုသန့်ရှင်းသူတို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲပေးကမ်းခြင်း အရာကိုလည်းကောင်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းကို ဝန်ခံခြင်းအားဖြင့်ဖြစ်လာသည့် သင်တို့၏နာခံမှုကိုလည်းကောင်း၊ သူတို့မှစ၍ လူအပေါင်းတို့အား သင်တို့ရက်ရောစွာပေးကမ်းဝေမျှသောအမှုကိုလည်းကောင်း ထောက်၍ ဤကူညီထောက်မခြင်းအမှု၌ ထင်ရှားသောသက်သေအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။ |
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။
သင်တို့သည် အသီးများစွာ သီးလျက် ငါ့တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။
သို့သော်လည်း သတင်းကောင်းကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား… အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို မည်သူယုံပါသနည်း” ဟု ဆိုခဲ့၏။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
ယေရှုခရစ်တော်ကို မယုံကြည်သော ယုဒပြည်၌ရှိသည့် လူတို့၏ လက်မှ ကျွန်ုပ်လွတ်ရန်နှင့် ဂျေရုဆလင်မြို့၌ ရှိသည့် ယုံကြည်သူများသည် ကျွန်ုပ်ယူဆောင်လာမည့် အလှူကို လက်ခံလိုသောစိတ် ရှိစေရန် ဆုတောင်းကြလော့။
လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။
ကျွန်ုပ်တို့သည် ဘုရားသခင်အား သိကျွမ်းသည့်ဉာဏ်ပညာကို ဆန့်ကျင်သောမာန်မာနတိုင်းကို ဖြိုဖျက်၍ လူ့အတွေးအခေါ်တိုင်းကို ချုပ်နှောင်ကာ ခရစ်တော်၏စကားကို နာခံစေကြ၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ရောက်ခဲ့၏။ ရောက်သောအခါ သခင်ဘုရားသည် မိမိ၏ အမှုတော်ကို ကျွန်ုပ်အား ဆောင်ရွက်စေရန် ကျွန်ုပ်အတွက် အခွင့်အရေးတံခါးကို ဖွင့်ပေးတော်မူ၏။
သူတို့သည် ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့အား ပေးကမ်းသည့်အမှုတွင် ပါဝင်ခွင့်ရရန် ကျွန်ုပ်တို့အား အနူးအညွတ်မေတ္တာရပ်ခံကြ၏။
သင်တို့အား ဘုရားသခင် ပေးသနားတော်မူသည့် သာလွန်ထူးကဲသောကျေးဇူးတော်ကြောင့် သူတို့သည် သင်တို့ကို ချစ်ခင်လျက် သင်တို့အတွက် ဆုတောင်းပေးကြလိမ့်မည်။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
အရာအားလုံးကိုအသက်ရှင်စေတော်မူသည့်ဘုရားသခင်၏ ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ ရှေ့၌ ကောင်းသောဝန်ခံချက်ဖြင့် သက်သေခံတော်မူသော ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း တိုင်တည်၍ ကျွန်ုပ် သင့်ကို ညွှန်ကြားလိုက်၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။
ကောင်းမှုပြုရန်နှင့် သူတစ်ပါးကို ကူညီရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောယဇ်ပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်တော်မူသောကြောင့် ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။