ရောမ 16:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း26 လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible26 သို့ရာတွင်ယခုအခါ၌ထိုလျှို့ဝှက်သည့်သစ္စာ တရားသည်ပရောဖက်ကျမ်းများအားဖြင့်ပေါ် လွင်ထင်ရှားလာလေပြီ။ လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကိုယုံကြည်ကာကိုယ်တော်၏စကား တော်ကိုနာခံလာကြစေရန် နိစ္စထာဝရအသက် ရှင်တော်မူသောဘုရား၏အမိန့်တော်အရထို သစ္စာတရားကိုကြေညာလေပြီ။ အခန်းကိုကြည့်ပါ။Judson Bible26 လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ ကျမ်းစာများလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အား ဖော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှာ တတ်နိုင်တော်မူသောအရှင်၊- အခန်းကိုကြည့်ပါ။ |
ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်မှစ၍ လူတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးကို မြင်ကြရပြီ။ ထိုအရာများကို ထောက်ရှု၍ မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်ခြင်း သဘောသဘာဝကို ရှင်းလင်းစွာ နားလည်နိုင်ကြ၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အကြောင်းကို မသိဟု ဆင်ခြေပေးစရာ မရှိပေ။
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။