Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 အရာ​အားလုံး​ကို​အသက်ရှင်​စေတော်မူသည့်​ဘုရားသခင်​၏ ရှေ့တော်​၌​လည်းကောင်း၊ ပုန္တိပိလတ်မင်း​၏ ရှေ့​၌ ကောင်းသော​ဝန်ခံချက်​ဖြင့် သက်သေခံတော်မူသော ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း တိုင်တည်​၍ ကျွန်ုပ် သင့်​ကို ညွှန်ကြားလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အ ရာ ရာ ကို ရှင် စေ တော် မူ သော ဘု ရား သ ခင့် မျက် မှောက်၊ ပု န္တိ ပိ လတ် မင်း ရှေ့ ကောင်း မွန် စွာ ဝန် ခံ၍ သက် သေ ခံ တော် မူ သော ခ ရစ် တော် ယေ ရှု မျက် မှောက်၌ ငါ မှာ ထား လိုက် သည် ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ခပ်သိမ်း​သော​အရာ​တို့​အား အသက်​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ ပုန္တိ​ပိလတ်​ရှေ့တွင် သက်သေခံ​သောအခါ ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​တော်မူ​သော ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း သင့်​အား ငါ​ညွှန်ကြား​သည်​ကား

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:13
22 ပူးပေါင်းရင်းမြစ်များ  

ယေရှု​သည် ရောမ​ဘုရင်ခံ ပိလတ်မင်း​ရှေ့​၌ ရပ်တော်မူ​ရာ ပိလတ်မင်း​က “သင်​သည် ဂျူးတို့​၏ ရှင်ဘုရင်​ဖြစ်သလော” ဟု မေးလေ၏။ ယေရှု​ကလည်း “မင်းကြီး​ဆို​သည့်​အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။


ထိုသို့ ဆွေးနွေးပြီး​သောအခါ ယေရှု​ကို ချည်နှောင်​ကာ ရောမ​ဘုရင်ခံ ပိလတ်မင်း​ထံသို့ ပို့ဆောင်​၍ အပ်လိုက်ကြ၏။


ယေရှု​က “ငါ​သည် လမ်းခရီး​ဖြစ်၏။ သမ္မာတရား​လည်း ဖြစ်၏။ အသက်​လည်း ဖြစ်၏။ ငါ့​ကို အမှီ​မပြု​လျှင် မည်သူ​မျှ ခမည်းတော်​ထံသို့ မရောက်ရ။


ထိုအခါ ယေရှု​က “သင့်​ကို ဘုရားသခင် အခွင့်မပေး​လျှင် သင်​သည် ငါ့​ကို မည်သို့​မျှ မပြုနိုင်။ ထို့ကြောင့် ငါ့​ကို သင့်​ထံ အပ်နှံသော​သူ​သည် ပို​၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။


ခမည်းတော်​သည် သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူ​သကဲ့သို့ သားတော်​သည်လည်း မိမိ​အလိုရှိသော​သူတို့​ကို ရှင်စေ၏။


အဘယ်ကြောင့်ဆိုသော် ခမည်းတော်​သည် မိမိ​၌ အသက်ပေးပိုင်သော​တန်ခိုး​ရှိတော်မူသည့်​အတိုင်း ထို​အသက်ပေးပိုင်သော​တန်ခိုး​ကို သားတော်​အားလည်း ပေးတော်မူ​သောကြောင့်​ဖြစ်၏။


ထို​နည်းတူ ဘုရားသခင်​သည် မည်သည့်​အရာ​ကို​မျှ လိုအပ်တော်မမူ​သောကြောင့် လူ့​လက်​ဖြင့် လုပ်ကျွေးပြုစုခြင်း​ကိုလည်း ခံယူ​ရန်​မလိုပေ။ ထို​အရှင်​သည် လူ​အပေါင်းတို့​အား အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာအားလုံး​ကို ပေးတော်မူသော​ဘုရား​ဖြစ်၏။


သင်တို့​၏ လှူဒါန်းခြင်း​အမှု​ကြောင့် လက်ခံရရှိသော​သူတို့​သည် ဘုရားသခင်​ကို ချီးမွမ်းကြ​လိမ့်မည်။ သူတို့​မှစ၍ ယုံကြည်သူ​အပေါင်းတို့​အား ရက်ရော​စွာ လှူဒါန်းခြင်း​သည် ခရစ်တော်​၏ သတင်းကောင်း​ကို သင်တို့​နာခံကြောင်း သက်သေပြ​လိမ့်မည်။


သင်တို့​အားလုံး​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြ​သောကြောင့် ဘုရားသခင်​၏ သားသမီးများ ဖြစ်ကြ၏။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။


“ယေရှု​ခရစ်တော်​သည် အပြစ်သားများ​ကို ကယ်တင်​ရန် ဤ​လောက​သို့ ဆင်းကြွလာသည်” ဟူသော စကား​သည် လုံးဝ​မှန်ကန်ပြီး အပြည့်အဝ​လက်ခံ​ထိုက်၏။ ထို​အပြစ်သားများ​အနက် ကျွန်ုပ်​သည် အဆိုးဆုံး​ဖြစ်၏။


ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်​နှင့် လူတို့​ကြားတွင် ကြားဝင်​စေ့စပ်သူ​လည်း တစ်ပါးတည်း ရှိတော်မူ၏။ ထို​အရှင်​သည် လူသား​ဖြစ်သော ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။


မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း​မရှိဘဲ ဤ​ညွှန်ကြားချက်များ​ကို လိုက်နာဆောင်ရွက်​ရန် ဘုရားသခင်​နှင့် ယေရှု​ခရစ်တော်​တို့ ရှေ့၌​လည်းကောင်း၊ ရွေးကောက်တော်မူသော​ကောင်းကင်တမန်တို့​ရှေ့၌​လည်းကောင်း သင့်​ကို ကျွန်ုပ်​အလေးအနက် ညွှန်ကြားလို၏။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်​ပါစေသော။ ယေရှု​ခရစ်တော်​သည် သစ္စာရှိသော​သက်သေခံ၊ သေခြင်း​မှ အဦးဆုံး​ထမြောက်သောသူ၊ လောကီ​ဘုရင်တို့​၏​မင်း ဖြစ်တော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်​၍ အသေခံတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ လွတ်မြောက်စေတော်မူ၏။


ကိုယ်တော်​က “အမှု​ပြီးပြီ။ ငါ​သည် အာလဖာ​နှင့် အိုမီဂါ၊ အစဦးဆုံးသောသူ​နှင့် နောက်ဆုံးသောသူ​ဖြစ်၏။ ရေငတ်သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့ ငါ​ပေးမည်။


ထိုအခါ ကောင်းကင်တမန်​သည် ကျောက်သလင်း​ကဲ့သို့ ကြည်လင်သည့် အသက်ရေ​စီးသော​မြစ်​ကို ကျွန်ုပ်​အား ပြ၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့် သိုးသငယ်တော်​၏ ရာဇပလ္လင်​မှ စီးထွက်​၍


လောဒိကိမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ အာမင်​ဖြစ်သောသူ၊ စစ်မှန်​၍ သစ္စာရှိသည့်​သက်သေ​ဖြစ်သောသူ၊ ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာတို့​၏​အစအဦး​ဖြစ်သောသူ​က ဤသို့​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ