၁ တိ 6:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူသည့်တိုင်အောင် အစွန်းအထင်းကင်း၍ အပြစ်ဆိုဖွယ်မရှိစေရန် ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာလော့။ အခန်းကိုကြည့်ပါ။Common Language Bible14 သင့်အားအပ်နှင်းထားသည့်တာဝန်ကို ဆောင်ရွက်လော့။ ငါတို့အရှင်ယေရှုခရစ် ကြွလာတော်မူသည်အထိဤအလုပ် တာဝန်ကိုသစ္စာနှင့်ထမ်းဆောင်လော့။- အခန်းကိုကြည့်ပါ။Garrad Bible14 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ထင် ရှား တော် မ မူ မ ချင်း အ မိန့် ပ ညတ် တော် ကို အ စွန်း အ ကွက် မဲ့၊ အ ပြစ် မဲ့ စောင့် ရှောက် လော့။ အခန်းကိုကြည့်ပါ။Judson Bible14 အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင့်ရှေ့မှာလည်းကောင်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသောဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုပညတ်ထား၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်သည် ငါတို့သခင်ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသည့်တိုင်အောင် ဤပညတ်ချက်ကို အစွန်းအထင်းကင်း၍ အပြစ်တင်စရာမရှိအောင် စောင့်ထိန်းလော့။ အခန်းကိုကြည့်ပါ။ |
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။