၁ တိ 6:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်သည် ငါတို့သခင်ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသည့်တိုင်အောင် ဤပညတ်ချက်ကို အစွန်းအထင်းကင်း၍ အပြစ်တင်စရာမရှိအောင် စောင့်ထိန်းလော့။ အခန်းကိုကြည့်ပါ။Common Language Bible14 သင့်အားအပ်နှင်းထားသည့်တာဝန်ကို ဆောင်ရွက်လော့။ ငါတို့အရှင်ယေရှုခရစ် ကြွလာတော်မူသည်အထိဤအလုပ် တာဝန်ကိုသစ္စာနှင့်ထမ်းဆောင်လော့။- အခန်းကိုကြည့်ပါ။Garrad Bible14 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ထင် ရှား တော် မ မူ မ ချင်း အ မိန့် ပ ညတ် တော် ကို အ စွန်း အ ကွက် မဲ့၊ အ ပြစ် မဲ့ စောင့် ရှောက် လော့။ အခန်းကိုကြည့်ပါ။Judson Bible14 အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင့်ရှေ့မှာလည်းကောင်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသောဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုပညတ်ထား၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူသည့်တိုင်အောင် အစွန်းအထင်းကင်း၍ အပြစ်ဆိုဖွယ်မရှိစေရန် ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာလော့။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။