Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 9:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သင်တို့​အား ဘုရားသခင် ပေးသနားတော်မူသည့် သာလွန်ထူးကဲသော​ကျေးဇူးတော်​ကြောင့် သူတို့​သည် သင်တို့​ကို ချစ်ခင်​လျက် သင်တို့​အတွက် ဆုတောင်းပေးကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​တို့​သည်​ထူး​ကဲ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​သင်​တို့​ကို အ​လွန်​ချစ်​ခင်​မြတ်​နိုး​လျက်​သင်​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သင် တို့ ခံ စား ရာ လွန် ကဲ သော ကျေး ဇူး တော် အ တွက် လွမ်း တ သော စိတ် နှင့် သင် တို့ အ ဖို့ အ သ နား တော် ခံ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်​တို့၌ ထူး​မြတ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​လည်း သူ​တို့​သည်​ထောက်​လျှင်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း၍၊ အ​လွန်​ချစ်​ခင်​မြတ်​နိုး​ခြင်း​စိတ် ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့ပြင် သင်​တို့​အပေါ်​သက်ရောက်​သည့် ဘုရားသခင်​၏​ထူးကဲ​သော​ကျေးဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်းဆွတ်​လျက် သင်​တို့​အတွက် ဆုတောင်း​ပေး​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:14
18 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ လောကီ​စည်းစိမ်များ​အားဖြင့် မိတ်ဆွေ​ရ​ရန် လုပ်ဆောင်ကြလော့။ ထို​စည်းစိမ်များ ကုန်ဆုံး​သောအခါ သင်တို့​ကို ထာဝရ​တည်သော​နေရာ​၌ လက်ခံကြိုဆိုကြ​လိမ့်မည်။


ကျွန်ုပ်​သည် သင်တို့​ကို​အလွန်​တွေ့မြင်​လိုသည်​မှာ ဝိညာဉ်​ဆုကျေးဇူး​တချို့​ကို သင်တို့​အား ဝေမျှပေး​၍ သင်တို့​၏ ယုံကြည်ခြင်း​ကို ခိုင်မြဲ​စေရန်​ဖြစ်၏။


သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။


ညီအစ်ကို​မောင်နှမတို့… မာကေဒေါနိပြည်​ရှိ အသင်းတော်များ​အား ဘုရားသခင်​ပြုတော်မူသော ကျေးဇူးတော်​အကြောင်း​ကို ကျွန်ုပ်တို့​သည် သင်တို့​အား သိစေလို၏။


သင်တို့​၏ လှူဒါန်းခြင်း​အမှု​ကြောင့် လက်ခံရရှိသော​သူတို့​သည် ဘုရားသခင်​ကို ချီးမွမ်းကြ​လိမ့်မည်။ သူတို့​မှစ၍ ယုံကြည်သူ​အပေါင်းတို့​အား ရက်ရော​စွာ လှူဒါန်းခြင်း​သည် ခရစ်တော်​၏ သတင်းကောင်း​ကို သင်တို့​နာခံကြောင်း သက်သေပြ​လိမ့်မည်။


ပြော​၍ မကုန်​နိုင်အောင်​ဖြစ်သော ဘုရားသခင်​၏ ဆုကျေးဇူးတော်​အတွက် ချီးမွမ်းကြပါစို့။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ မေတ္တာ​ကရုဏာ​မျိုး​ဖြင့် သင်တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်ကြောင်း ဘုရားသခင်​သိတော်မူ၏။


သူ့​ကို ပြန်လည်​စေလွှတ်​သင့်သည့်​အကြောင်း​က သူ​နာမကျန်း​ဖြစ်သည်​ကို သင်တို့​ကြားသိကြောင်း သူ​သိ​သောအခါ စိတ်မကောင်း​ဖြစ်နေပြီး သူ​သည် သင်တို့​အားလုံး​ကို လွမ်းဆွတ်နေ​သောကြောင့် ဖြစ်၏


ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ကျွန်ုပ် အလွန်​ချစ်​၍ လွမ်းဆွတ်​သတိရပါ၏။ သင်တို့​ကြောင့် ကျွန်ုပ်​ဝမ်းမြောက်ရ​ပြီး သင်တို့​သည် ကျွန်ုပ်​ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်​ပြောဆိုခဲ့သည့်​အတိုင်း သခင်ဘုရား​အား သစ္စာရှိ​လျက် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ကျွန်ုပ်တို့​၏​သခင်ဘုရား​သည် အလွန်​ကြွယ်ဝသော​ကျေးဇူးတော်​ကို ကျွန်ုပ်​အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လာ​သောကြောင့် ယုံကြည်ခြင်း​နှင့် ချစ်ခြင်းမေတ္တာ​ကိုလည်း ကိုယ်တော်​ထံမှ ရရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ