၂ ကော 12:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ကျွန်ုပ်သည် သင်တို့ထံသို့ တတိယအကြိမ် လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့၏ ငွေကြေးဥစ္စာကို အလိုရှိ၍မဟုတ်ဘဲ သင်တို့ကိုသာ အလိုရှိသောကြောင့်ဖြစ်၏။ သားသမီးတို့သည် မိဘအတွက် ငွေကြေးဥစ္စာကို စုဆောင်းရသည်မဟုတ်။ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။ Common Language Bible ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။- Garrad Bible ကြည့် လော့။ တ တိ ယ အ ကြိမ် သင် တို့ ထံ ရောက် လာ ရန် ငါ အ သင့် ရှိ သည် မှာ လည်း သင် တို့ ကို ဖိ စီး မည် မ ဟုတ်။ သင် တို့ ပ စ္စည်း ကို ငါ မ လို၊ သင် တို့ ကို သာ အ လို ရှိ၏။ မိ ဘ တို့ အ ဖို့ သား သ မီး များ မ ဆည်း ပူး။ သား သ မီး များ အ ဖို့ မိ ဘ တို့ ဆည်း ပူး အပ် သည် နှင့် အ ညီ ငါ သည် သင် တို့ စိတ် ဝိ ညာဉ် အ လို့ ငှာ၊ Judson Bible ဤတတိယအကြိမ် သင်တို့ဆီသို့သွားခြင်းငှာ ငါသည်အသင့်ရှိ၏။ သင်တို့ကို နှောင့်ယှက်မည်ဟု အကြံမရှိ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ်။ သင်တို့ကိုသာ ရှာ၏။ သားသမီးတို့သည် မိဘအတွက် ဥစ္စာကို ဆည်းပူးရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းပူးရ၏။- မြန်မာ့စံမီသမ္မာကျမ်း ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။ |
တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။
ကျွန်ုပ်သည် မာကေဒေါနိပြည်ကို ဖြတ်သွားရန် စီစဉ်ထားသောကြောင့် ထိုပြည်ကို ဖြတ်ပြီးမှ သင်တို့ထံ လာခဲ့မည်။
သို့သော် သခင်ဘုရား အလိုတော်ရှိလျှင် မကြာမီ ကျွန်ုပ်လာခဲ့ပါမည်။ ထိုအခါ ထိုမာနထောင်လွှားသောသူတို့၏စကားထက် သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်ရှိမရှိကိုသာ ကျွန်ုပ်သိမှတ်မည်။
အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
သို့ဖြစ်လျှင် ကျွန်ုပ်၏ ဆုလာဘ်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာမှာ အခကြေးငွေမယူဘဲ သတင်းကောင်းကို ဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောသောအခါ ကျွန်ုပ်ရထိုက်သောအခွင့်အရေးကို အပြည့်အဝမတောင်းဆိုဘဲနေခြင်းဖြစ်၏။
ကျွန်ုပ်သည် လွတ်လပ်သောသူဖြစ်ပြီး မည်သူ၏ကျွန်မှ မဟုတ်ပါ။ သို့သော် ခရစ်တော်ကို ယုံကြည်သောသူများ ပို၍ များလာစေရန် လူအပေါင်းတို့၏ကျွန် ဖြစ်လာရ၏။
ထိုသို့ သင်တို့သိကြလိမ့်မည်ဟု စိတ်ချယုံကြည်သောကြောင့် ကျွန်ုပ်သည် သင်တို့ထံသို့ နှစ်ကြိမ် လည်ပတ်၍ နှစ်ဆသောကောင်းချီးကို ပေးလို၏။
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
ကျွန်ုပ်အား ငွေကြေးထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုးကို သင်တို့အား မပေးခဲ့ခြင်းမှလွဲ၍ သင်တို့သည် အခြားအသင်းတော်များထက် ဂုဏ်ငယ်စရာအကြောင်းမရှိ။ ဤသို့ မမျှမတပြုခဲ့သည့်အတွက် ကျွန်ုပ်ကို ခွင့်လွှတ်ကြပါလော့။
ကျွန်ုပ်ချစ်သော သားသမီးတို့… သင်တို့သည် ခရစ်တော်ကဲ့သို့ ဖြစ်မလာမီ အချိန်ထိ ကျွန်ုပ်သည် သင်တို့အတွက် သားဖွားသည့် ဝေဒနာကို ခံစားရသကဲ့သို့ ပြန်၍ ခံစားလျက် နေရ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူဆက်ဆံသကဲ့သို့ ကျွန်ုပ်တို့သည် သင်တို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူဆက်ဆံကြ၏။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ကို အလွန် ချစ်သောကြောင့် ဘုရားသခင်၏သတင်းကောင်းကို ဝေမျှသည်သာမက ကျွန်ုပ်တို့၏ ဘဝကိုပင် သင်တို့အတွက် ပေးဆပ်ရန် ဆန္ဒရှိကြ၏။