Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထိုသို့ သင်တို့​သိကြ​လိမ့်မည်​ဟု စိတ်ချယုံကြည်​သောကြောင့် ကျွန်ုပ်​သည် သင်တို့​ထံသို့ နှစ်ကြိမ် လည်ပတ်​၍ နှစ်ဆသော​ကောင်းချီး​ကို ပေးလို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထို​သို့​စိတ်​ချ​ခြင်း​ရှိ​သ​ဖြင့် ငါ​သည်​သင် တို့​နှစ်​ထပ်​ကွမ်း​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား ရ​ကြ​စေ​ရန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို သို့ စိတ် ချ ခြင်း ရှိ သ ဖြင့် သင် တို့၌ ရွှင် လန်း ခွင့် နှစ် ထပ် ရှိ စေ ခြင်း ငှာ သင် တို့ ထံ ငါ တစ် ကြိမ် လာ ပြီး လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​စဉ်​ဝန်​ခံ​မည်​ဟု ငါ​သ​ဘော​ကျ​လျက်​ရှိ၍၊ သင်​တို့​သည်​တစ်​ဖန် ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​စေ​ခြင်း​ငှာ ငါ​သည် သင်​တို့​ဆီ​သို့ အ​ရင်​လာ​မည်​ဟု အ​ကြံ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ငါ​သည် ဤသို့​ယုံကြည်​စိတ်ချ​သဖြင့် သင်​တို့​သည် ကျေးဇူး​တော်​ကို နှစ်​ကြိမ်​ခံစား​ရ​မည့်​အကြောင်း သင်​တို့​ထံသို့ ဦးစွာ​လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:15
9 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ခင်ပွန်းလောင်း​ဖြစ်​သူ ယောသပ်​သည် သူတော်ကောင်း​ဖြစ်​၍ မာရိ​ကို အသရေ​မပျက်စေလို​သောကြောင့် စေ့စပ်ကြောင်းလမ်းခြင်း​ကို တိတ်တဆိတ်​ဖျက်သိမ်း​ရန် ဆုံးဖြတ်၏။


ကျွန်ုပ်​သည် သင်တို့​ကို​အလွန်​တွေ့မြင်​လိုသည်​မှာ ဝိညာဉ်​ဆုကျေးဇူး​တချို့​ကို သင်တို့​အား ဝေမျှပေး​၍ သင်တို့​၏ ယုံကြည်ခြင်း​ကို ခိုင်မြဲ​စေရန်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​သောအခါ ခရစ်တော်​၏ ကောင်းချီး​မင်္ဂလာ အပြည့်​နှင့် ရောက်လာမည်​ကို ကျွန်ုပ်​သိ၏။


တစ်စုံတစ်ယောက်​သည် ဆာလောင်​ပါက အိမ်​၌ စားခဲ့လော့။ သို့မှသာ သင်တို့​စုဝေးကြ​သောအခါ ဘုရားသခင်​၏​ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်​ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များ​ကို ကျွန်ုပ်​ရောက်လာ​သောအခါ ညွှန်ကြားမည်။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​ထံ ယခု ခရီးကြုံ​၍ လည်ပတ်​ရုံသာ မပြုလိုပါ။ သခင်ဘုရား ခွင့်ပြုတော်မူ​လျှင် သင်တို့​နှင့်အတူ ကာလ​အတန်ကြာ နေ​နိုင်ရန် ကျွန်ုပ်​မျှော်လင့်ထား၏။


သို့သော် သခင်ဘုရား အလိုတော်​ရှိ​လျှင် မကြာမီ ကျွန်ုပ်​လာခဲ့ပါမည်။ ထိုအခါ ထို​မာနထောင်လွှားသော​သူတို့​၏​စကား​ထက် သူတို့​၌ ဘုရားသခင်​၏ တန်ခိုးတော်​ရှိမရှိ​ကိုသာ ကျွန်ုပ်​သိမှတ်မည်။


ယခု ကျွန်ုပ်​သည် သင်တို့​ထံသို့ တတိယ​အကြိမ် လာ​ရန် အသင့်​ရှိ၏။ သို့သော် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်စေမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​၏ ငွေကြေးဥစ္စာ​ကို အလို​ရှိ​၍​မဟုတ်ဘဲ သင်တို့​ကိုသာ အလိုရှိ​သောကြောင့်​ဖြစ်၏။ သားသမီးတို့​သည် မိဘ​အတွက် ငွေကြေးဥစ္စာ​ကို စုဆောင်းရသည်​မဟုတ်။ မိဘတို့​ကသာ သားသမီးတို့​အတွက် စုဆောင်းရ၏။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ