၂ ကော 12:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ထို့ကြောင့် ကျွန်ုပ်သည် သင်တို့၏စိတ်ဝိညာဉ်အတွက် ကျွန်ုပ်၌ ရှိသမျှသောငွေကြေးဥစ္စာများနှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်သည် သင်တို့အပေါ် ဤမျှမေတ္တာထားလျှင် ကျွန်ုပ်အပေါ်ထားသော သင်တို့၏မေတ္တာသည် လျော့ပါးသွားမည်လော။ အခန်းကိုကြည့်ပါ။Common Language Bible15 ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။ အခန်းကိုကြည့်ပါ။Garrad Bible15 ပ စ္စည်း သာ မ က ကိုယ် ကို ပင် ရွှင် လန်း စွာ ကုန် စေ မည်။ ငါ သည် သင် တို့ ကို များ ပြား စွာ ချစ် လျှင် နည်း ပါး စွာ ချစ် တုံ့ ခံ ရ မည် လော။ အခန်းကိုကြည့်ပါ။Judson Bible15 ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာစိတ် တိုးပွားသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်းမေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ ငါသည် ကိုယ်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း၊ ကုန်စေခြင်းငှာ အလွန်စေတနာရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရလျှင် ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်နှင့် ကယ်တင်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ နှစ်သိမ့်ခံရလျှင်လည်း ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ ခံရသောဆင်းရဲဒုက္ခမျိုးကို သင်တို့ ကြုံတွေ့ရသောအခါ ထိုနှစ်သိမ့်ခြင်းသည် သင်တို့အား သည်းခံနိုင်စွမ်းကို ဖြစ်စေ၏။
ယခု ကျွန်ုပ်သည် သင်တို့ထံသို့ တတိယအကြိမ် လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့၏ ငွေကြေးဥစ္စာကို အလိုရှိ၍မဟုတ်ဘဲ သင်တို့ကိုသာ အလိုရှိသောကြောင့်ဖြစ်၏။ သားသမီးတို့သည် မိဘအတွက် ငွေကြေးဥစ္စာကို စုဆောင်းရသည်မဟုတ်။ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။