Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ကျွန်ုပ်​သည် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မဖြစ်ကြောင်း​ကို သင်တို့​ဝန်ခံကြ၏။ သို့သော် သင်တို့​ထဲမှ တချို့​က ကျွန်ုပ်​သည် ဉာဏ်များသောသူ​ဖြစ်​ပြီး သင်တို့​၏​ငွေကြေးဥစ္စာ​ကို လှည့်စား​၍ ရယူခဲ့သည်​ဟု ထင်ကြ​ဆဲ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငါ​သည်​သင်​တို့​အား​ဝန်​မ​လေး​စေ​ခဲ့​ကြောင်း ကို​သင်​တို့​ဝန်​ခံ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် ပ​ရိ​ယာယ်​ဖြင့်​သင်​တို့​အား​လိမ်​လည်​လှည့်​စား ခဲ့​သည်​ဟု​တစ်​စုံ​တစ်​ယောက်​က​စွပ်​စွဲ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင် တို့ က ထို သို့ ရှိ စေ တော့၊ သူ့ ကိုယ် တိုင် ဝန် မ တင် သော် လည်း စဉ်း လဲ သော သ ဘော ရှိ လျက် အ လိ မ္မာ နှင့် ငါ တို့ ကို ကျော့ ဖမ်း ပြီ ဟု ဆို ကြ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်​တို့​ကို ငါ​မ​နှောင့်​ယှက်​သည် မှန်​စေ​တော့။ သို့​သော်​လည်း၊ လိ​မ္မာ​သော​သူ​ဖြစ်၍ ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို​ဖမ်း​ဆီး​ပြီ​ဟု​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငါ​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​သော်လည်း ပါးနပ်​သော​သူ​ဖြစ်​၍ ပရိယာယ်​အားဖြင့် သင်​တို့​ထံမှ ရယူ​ခဲ့​သည်​ဟု​ဆို​ကြ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:16
11 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


တစ်စုံတစ်ယောက်​က သင်တို့​ကို ကျွန်ခံစေသည်​ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်​ဖြစ်စေ၊ အခွင့်ကောင်းယူသည်​ဖြစ်စေ၊ အထင်သေးသည်​ဖြစ်စေ၊ ပါးရိုက်သည်​ဖြစ်စေ သင်တို့​သည် သည်းခံကြ၏။


ကျွန်ုပ်​အား ငွေကြေး​ထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုး​ကို သင်တို့​အား မပေးခဲ့ခြင်း​မှလွဲ၍ သင်တို့​သည် အခြား​အသင်းတော်များ​ထက် ဂုဏ်ငယ်​စရာ​အကြောင်း​မရှိ။ ဤသို့ မမျှမတ​ပြုခဲ့သည့်​အတွက် ကျွန်ုပ်​ကို ခွင့်လွှတ်ကြပါလော့။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ချီးမွမ်းခံရခြင်း​နှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်း​ပြောခံရခြင်း​နှင့် မကောင်း​ပြောခံရခြင်း​အားဖြင့်​လည်းကောင်း အရာရာတို့​၌ ဘုရားသခင်​၏ အစေခံများ​ဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့​သည် လှည့်ဖြားသူများ​အဖြစ် သတ်မှတ်ခံရ​သော်လည်း ဖြောင့်မှန်သောသူများ​ဖြစ်ကြ၏။


ကျွန်ုပ်တို့​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​ကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ မပြစ်မှားခဲ့။ မည်သူ့​ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့​ကိုမျှ အမြတ်မထုတ်ခဲ့။


ကျွန်ုပ်တို့​သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထား​ရှိခြင်း၊ လိမ်လည်​လှည့်ဖြားလိုခြင်း​တို့​အပေါ် အခြေခံ​၍ တိုက်တွန်း​ဟောပြောကြသည်​မဟုတ်။


သင်တို့​သိသည့်​အတိုင်း ကျွန်ုပ်တို့​သည် မြှောက်ပင့်သော​စကား​ဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘ​စိတ်​ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ