Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 တစ်စုံတစ်ယောက်​သည် ဆာလောင်​ပါက အိမ်​၌ စားခဲ့လော့။ သို့မှသာ သင်တို့​စုဝေးကြ​သောအခါ ဘုရားသခင်​၏​ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်​ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များ​ကို ကျွန်ုပ်​ရောက်လာ​သောအခါ ညွှန်ကြားမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ​တွင်​ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကင်း​လွတ် နိုင်​စေ​ရန် ဆာ​မွတ်​သော​သူ​သည်​မိ​မိ​အိမ်​တွင် စား​သောက်​စေ။ အ​ခြား​ကိစ္စ​များ​နှင့်​ပတ်​သက်​၍ ငါ​လာ​သည့်​အ​ခါ​ဖြေ​ရှင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 သင် တို့ သည် စည်း ဝေး ရာ တွင် တ ရား စီ ရင် ခြင်း ကို ခံ ရ မည် စိုး၍ မည် သူ မ ဆို ဆာ မွတ် လျှင် ကိုယ့် အိမ် တွင် စား သောက် စေ။ ကြွင်း သော အ မှု အ ရေး များ ကို ကား ငါ ရောက် သော အ ခါ ရှင်း လင်း စီ မံ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဆာ​မွတ်​လျှင်၊ သင်​တို့​သည် အ​ပြစ်​ခံ​လျက် မ​စည်း​ဝေး​စေ​ခြင်း​ငှာ ထို​သူ​သည် မိ​မိ​အိမ်၌ စား​စေ။ ကြွင်း​သော​အ​မှု​များ​ကို ငါ​လာ​သော​အ​ခါ စီ​ရင်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 တစ်စုံတစ်ယောက်​သည် ဆာလောင်​လျှင် ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ရန်​အတွက် စုဝေး​ခြင်း​မ​ဖြစ်​မည့်​အကြောင်း မိမိ​အိမ်​၌​စား​ပါစေ။ ကျန်​သော​ကိစ္စ​များ​ကို ငါ​လာ​သောအခါ​ညွှန်ကြား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:34
9 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် သခင်ဘုရား​၏​ပွဲတော်​ကို စား​ရန် စုဝေးကြ​သောအခါ တစ်ဦး​ကို​တစ်ဦး စောင့်ဆိုင်းကြလော့။


ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​အတွက် အလှူငွေ​ကောက်ခံခြင်း​နှင့်​ပတ်သက်၍ ဂလာတိပြည်​ရှိ အသင်းတော်များ​ကို ကျွန်ုပ်​လမ်းညွှန်ထား​သကဲ့သို့ သင်တို့​သည်လည်း ထို​နည်း​အတိုင်း ပြုကြလော့။


ကျွန်ုပ်​ရောက်လာ​သောအခါ အလှူငွေ​ကောက်ခံစရာ မလို​စေရန် အပတ်တိုင်း​၏ ပထမနေ့​တွင် သင်တို့​တစ်ဦးချင်းစီ​က ရရှိသော​ဝင်ငွေ​ထဲမှ တချို့​ကို ထုတ်​၍ စုထားကြလော့။


ကျွန်ုပ်​သည် မာကေဒေါနိပြည်​ကို ဖြတ်​သွား​ရန် စီစဉ်ထား​သောကြောင့် ထို​ပြည်​ကို ဖြတ်​ပြီးမှ သင်တို့​ထံ လာခဲ့မည်။


ထို​အကြောင်း​ကြောင့် သခင်ဘုရား​အပေါ် သစ္စာရှိသော ကျွန်ုပ်​၏​ချစ်သား တိမောသေ​ကို သင်တို့​ထံ စေလွှတ်ရခြင်း​ဖြစ်၏။ သူ​သည် ကျွန်ုပ် ရောက်ခဲ့သော​အသင်းတော်​တိုင်း​တွင် သွန်သင်ခဲ့သည့်​အတိုင်း ကျွန်ုပ်​မည်သို့ ယေရှု​ခရစ်တော်​နောက် လိုက်နေကြောင်း​ကို သင်တို့​အား သတိရစေ​လိမ့်မည်။


သို့သော် သခင်ဘုရား အလိုတော်​ရှိ​လျှင် မကြာမီ ကျွန်ုပ်​လာခဲ့ပါမည်။ ထိုအခါ ထို​မာနထောင်လွှားသော​သူတို့​၏​စကား​ထက် သူတို့​၌ ဘုရားသခင်​၏ တန်ခိုးတော်​ရှိမရှိ​ကိုသာ ကျွန်ုပ်​သိမှတ်မည်။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ​တွင်​မဆို ဆက်လက်​ပြုမူနေထိုင်​၍ သင်တို့​ကို စတင်​ရွေးကောက်တော်မူသည့်​အချိန်​က ကဲ့သို့ပင် ဆက်လက်​ရှိနေ​သင့်၏။ ဤသည်​မှာ အသင်းတော်​အားလုံး​ကို ကျွန်ုပ်​ညွှန်ကြားသော​အချက်​ဖြစ်၏။


သင့်​ကို ကရေတေ​ကျွန်း​၌ ကျွန်ုပ်​ချန်ထားခဲ့ရခြင်း​မှာ ကျွန်ုပ်​ညွှန်ကြား​ထားသည့်​အတိုင်း မပြီးဆုံး​သေးသော ကိစ္စများ​ကို စီမံဆောင်ရွက်​ရန်​နှင့် မြို့တိုင်း​တွင် သင်းအုပ်များ​ကို ခန့်ထား​စေရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ