Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ကျွန်ုပ်​အား ငွေကြေး​ထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုး​ကို သင်တို့​အား မပေးခဲ့ခြင်း​မှလွဲ၍ သင်တို့​သည် အခြား​အသင်းတော်များ​ထက် ဂုဏ်ငယ်​စရာ​အကြောင်း​မရှိ။ ဤသို့ မမျှမတ​ပြုခဲ့သည့်​အတွက် ကျွန်ုပ်​ကို ခွင့်လွှတ်ကြပါလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သင်​တို့​အား​ငွေ​ရေး​ကြေး​ရေး​တာ​ဝန်​ကို မ​ပေး​ခဲ့​သည်​မှ​အ​ပ ငါ​သည်​သင်​တို့​အား အ​ခြား​အ​သင်း​တော်​များ​နှင့်​တန်း​တူ​ထား ၍​ဆက်​ဆံ​ခဲ့​၏။ ဤ​သို့​မ​မျှ​မ​တ​ပြု​မိ သည့်​အ​တွက်​ငါ့​အား​ခွင့်​လွှတ်​ကြ​ရန် တောင်း​ပန်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သင် တို့ အ ပေါ် တွင် ငါ ကိုယ် တိုင် မ ဖိ စီး မိ သည့် ပြင် မည် သည့် အ ရာ၌ အ ခြား အ သင်း တော် တို့ အောက် ယုတ် စေ သ နည်း။ ထို အ ဓ မ္မ မှု အ တွက် ချမ်း သာ ပေး ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​သည်​သင်​တို့​ကို မ​နှောင့်​ယှက်​သော အ​ရာ​တစ်​ခု​ကို ထား​လျှင်၊ သင်​တို့​သည် အ​ခြား​သော အ​သင်း​တော်​ထက် အ​ဘယ်​သို့​ယုတ်​ညံ့​သ​နည်း။ ထို​သို့ ငါ​ပြစ်​မှား​သော​အ​ပြစ်​ကို သည်း​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ​ကိုယ်တိုင်​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​ခြင်း​မှတစ်ပါး သင်​တို့​၌ အခြား​သော​အသင်းတော်​များ​ထက် ပို၍​ဂုဏ်ငယ်​စရာ​အကြောင်း တစ်စုံတစ်ခု​ရှိ​သလော။ ဤ​မမျှတမှု​အတွက် ငါ့​ကို​ခွင့်လွှတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:13
7 ပူးပေါင်းရင်းမြစ်များ  

လုပ်ငန်းချင်း​တူသောကြောင့် သူတို့​နှင့်အတူ​နေ​၍ အလုပ်လုပ်လေ၏။ ထို​သူတို့​မှာ တဲချုပ်သူများ​ဖြစ်ကြ၏။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


ကျွန်ုပ်​နှင့် ဗာနဗ​သာလျှင် မိမိတို့​စားဝတ်နေရေး​အတွက် အလုပ်လုပ်​ရမည်လော။


ယခု ကျွန်ုပ်​သည် သင်တို့​ထံသို့ တတိယ​အကြိမ် လာ​ရန် အသင့်​ရှိ၏။ သို့သော် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်စေမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​၏ ငွေကြေးဥစ္စာ​ကို အလို​ရှိ​၍​မဟုတ်ဘဲ သင်တို့​ကိုသာ အလိုရှိ​သောကြောင့်​ဖြစ်၏။ သားသမီးတို့​သည် မိဘ​အတွက် ငွေကြေးဥစ္စာ​ကို စုဆောင်းရသည်​မဟုတ်။ မိဘတို့​ကသာ သားသမီးတို့​အတွက် စုဆောင်းရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ