Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သို့ဖြစ်​လျှင် ကျွန်ုပ်​၏ ဆုလာဘ်​မှာ မည်သည့်​အရာ​ဖြစ်သနည်း။ ဤ​အရာ​မှာ အခကြေးငွေ​မယူဘဲ သတင်းကောင်း​ကို ဟောပြောခြင်း​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြော​သောအခါ ကျွန်ုပ်​ရထိုက်သော​အခွင့်အရေး​ကို အပြည့်အဝ​မတောင်းဆိုဘဲ​နေခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ်​အ​ခ​ကြေး​ငွေ ခံ​စား​ရ​သ​နည်း။ ငါ​ခံ​စား​ရ​သည့်​အ​ကျိုး မှာ​သ​တင်း​ကောင်း​ကို​အ​ခ​ကြေး​ငွေ​မ​ယူ ဘဲ​ဟော​ပြော​ခွင့်​နှင့် ထို​သို့​ဟော​ပြော​သည့် အ​တွက် ရ​ပိုင်​ခွင့်​များ​ကို​မ​တောင်း​ဆို​ဘဲ နေ​နိုင်​ခွင့်​တို့​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သို့ ဖြစ် လျှင် ငါ့ အ ကျိုး ကား မည် သို့ နည်း။ သ တင်း တော် မြတ် အား ဖြင့် ရ သော အ ခွင့် ကို မ သုံး ဘဲ ထို သ တင်း တော် မြတ် ကို အ ကုန် အ ကျ ခံ လျက် ကြား ပြော ခွင့် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သို့​ဖြစ်၍ ငါ၏​အ​ကျိုး အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သော​အ​ခါ၊ ဟော​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ခွင့်​ကို မ​သုံး​ဘဲ​လျက်၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို နာ​သော​သူ​တို့​သည် အ​ဘယ်​စ​ရိတ်​ကို​မျှ မ​ကုန်​ဘဲ​နေ​စေ​ခြင်း​ငှာ​ပြု​လျှင် ငါ၌​အ​ကျိုး​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့ဖြစ်လျှင် ငါ့​အတွက် မည်သည့်​ဆုလာဘ်​ရှိ​သနည်း။ ၎င်း​မှာ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သည့်​အခါ အဖိုးအခ​မ​ယူ​ဘဲ ထို​သတင်း​ကို ဝေငှ​ဟောပြော​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော ငါ​၏​ရပိုင်ခွင့်​ကို အပြည့်အဝ​အသုံး​မ​ချ​ဘဲ​နေ​ခြင်း​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:18
16 ပူးပေါင်းရင်းမြစ်များ  

ရိတ်သိမ်းသူ​သည် လုပ်အားခ​ကို ရ၏။ သူ​သည် ထာဝရ​အသက်​အတွက် သီးနှံတို့​ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူ​နှင့် ရိတ်သိမ်းသူ​တို့​သည် အတူတကွ ဝမ်းမြောက်ကြ​လိမ့်မည်။


လုပ်ငန်းချင်း​တူသောကြောင့် သူတို့​နှင့်အတူ​နေ​၍ အလုပ်လုပ်လေ၏။ ထို​သူတို့​မှာ တဲချုပ်သူများ​ဖြစ်ကြ၏။


အခြား​ယုံကြည်သောသူ​တစ်ယောက်​သည် သင်​စားသော​အစာ​ကြောင့် စိတ်အနှောင့်အယှက်​ဖြစ်​လျှင် သင်​သည် မေတ္တာတရား​ဖြင့် အသက်ရှင်​နေထိုင်ရာ မကျတော့ပေ။ ထို​သူ​အတွက် ခရစ်တော်​အသေခံ​ပေးတော်မူခဲ့သည်​ဖြစ်ရာ သင်​စားသော​အစားအစာ​ကြောင့် သူ့​ကို မပျက်စီးစေနှင့်။


မျိုးစေ့​စိုက်သူ​နှင့် ရေလောင်းသူတို့​သည် တူညီသော ရည်ရွယ်ချက်​ဖြင့် လုပ်ဆောင်ကြ​ပြီး မိမိတို့​၏ ကြိုးပမ်း​အားထုတ်မှု​နှင့်အညီ ဆုလာဘ်​ကို ရရှိကြ​လိမ့်မည်။


လောကီ​နှင့်ဆိုင်သော​အရာများ​ကို သုံးစွဲသော​သူတို့​သည် ထို​အရာများ​ကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤ​လက်ရှိ​ကမ္ဘာလောက​ပုံသဏ္ဌာန်​သည် ကွယ်ပျောက်​သွားတော့မည်​ဖြစ်​သောကြောင့်​ပင်။


သို့သော်လည်း သင်တို့​၏ လွတ်လပ်မှု​သည် အသိစိတ်​အားနည်းသူတို့​အတွက် ထိမိ​၍ လဲစရာ မဖြစ်​စေရန် သတိပြုကြလော့။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


သို့သော်လည်း ကျွန်ုပ်​သည် ထို​အခွင့်အရေး​ကို တစ်ခါ​မျှ မယူခဲ့ဖူးပေ။ ထို​အခွင့်အရေး​ကို သင်တို့​ပေးမည်​ဟု မျှော်လင့်​၍ ဤ​စာ​ကို ရေးရခြင်း​လည်း မဟုတ်ပါ။ အမှန်​တွင် အခကြေးငွေ​မယူဘဲ ဟောပြောခြင်း​ကြောင့် ဂုဏ်ယူ​ဝင့်ကြွားရသော​အခွင့်​ကို ဆုံးရှုံးသည်​ထက် သေသွားခဲ့​လျှင်ပင် ပို၍ ကောင်း​လိမ့်မည်။


ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် မိမိတို့​အကြောင်း​ကို ဟောပြောကြသည်​မဟုတ်။ ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်ကြောင်း​နှင့် ကျွန်ုပ်တို့​သည် ယေရှု​အတွက် သင်တို့​၏ အစေအပါးများ​ဖြစ်ကြောင်း​ကို ဟောပြောကြခြင်း​ဖြစ်၏။


ယေရှု​ခရစ်တော်​၏ တမန်တော်များ​ဖြစ်သည့် ကျွန်ုပ်တို့​သည် မိမိတို့​၏ အခွင့်အာဏာ​ကို သုံး​နိုင်​သော်လည်း သင်တို့​ထံမှ​ဖြစ်စေ၊ တစ်ဦးတစ်ယောက်​ထံမှ​ဖြစ်စေ လူတို့​၏​ချီးမွမ်းခြင်း​ကို ခံရ​ရန် မကြိုးစားဘဲ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ