ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
၂ ကော 10:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။ Common Language Bible ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။- Garrad Bible သင် တို့ နှင့် မျက် မှောက် ထင် ထင် ရှိ နေ စဉ် အောက် ကျို့ သော် လည်း ကွဲ ကွာ လျက် နေ စဉ် မောက် မာ သော ငါ ပေါ လု ကိုယ် တိုင် က ခ ရစ် တော်၏ သိမ် မွေ့ နူး ညံ့ တော် မူ ခြင်း ကို ထောက်၍ နှိုး ဆော် သည် မှာ၊ Judson Bible သင်တို့၏မျက်မှောက်၌ နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏ နူးညံ့သိမ်မွေ့ဖြည်းညင်းတော်မူခြင်းကို အကြောင်းပြု၍ သင်တို့ကိုတောင်းပန်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။ |
ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
“သင်တို့၏ရှင်ဘုရင်သည် မြည်းနှင့် မြည်းကလေးပေါ်တွင် စီး၍ နူးညံ့သိမ်မွေ့သောစိတ်ဖြင့် သင်တို့ထံသို့ကြွလာတော်မူပြီဟု ဇိအုန်မြို့သူမြို့သားတို့အား ပြောကြလော့” ဟူ၍ ဖြစ်၏။
ထိုသူ ဖတ်နေသောကျမ်းစာပိုဒ်မှာ “သတ်ရန် ခေါ်ယူသွားသည့် သိုးကဲ့သို့ သူသည် ခေါ်ဆောင်သွားခြင်းခံရ၏။ သိုးသငယ်သည် သိုးမွေးညှပ်သူရှေ့တွင် တိတ်ဆိတ်စွာ နေသကဲ့သို့ သူသည် မိမိနှုတ်ကို မဖွင့်ဘဲနေ၏။
ထို့နောက် ဘုရားသခင်က “ငါ့ကို မရှာသောသူတို့သည် ငါ့ကို တွေ့ကြ၏။ ငါ့အကြောင်းကို မမေးသောသူတို့အား ငါသည် ကိုယ်ထင်ပြ၏” ဟု မိန့်တော်မူကြောင်း ဟေရှာယသည် ရဲဝံ့စွာ ဖော်ပြထား၏။
ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ အကြောင်းအရာတချို့နှင့်ပတ်သက်၍ သင်တို့ကို သတိပေးရာတွင် ကျွန်ုပ်သည် ဘုရားသခင်ပေးသနားတော်မူသော အခွင့်ထူးကို ထောက်၍ ရဲရင့်စွာ ရေးလိုက်ပါ၏။
ကျွန်ုပ်သည် သင်တို့ထံသို့ ရောက်လာချိန်က အားနည်း၍ ကြောက်ရွံ့လျက်၊ တုန်လှုပ်လျက် ရှိ၏။
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
ကျွန်ုပ်သည် သင်တို့ထံ တုတ်နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် နူးညံ့သောစိတ်ဖြင့် လာရမည်လော။ မည်သည့်အရာကို သင်တို့ ရွေးချယ်လိုသနည်း။
တချို့က “ပေါလု၏ စာများသည် ဩဇာပါ၍ အထင်ကြီးဖွယ်ဖြစ်သော်လည်း လူချင်းတွေ့လျှင် သူသည် သတ္တိနည်း၍ အဟောအပြောလည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။
လူတချို့က ကျွန်ုပ်တို့သည် လောကီစံနှုန်းအတိုင်း ပြုမူနေထိုင်ကြသည်ဟု ထင်မြင်ကြ၏။ ကျွန်ုပ်ရောက်လာသောအခါ ထိုသူတို့အား ရဲရင့်ပြတ်သားစွာ ပြုမူရန် ကြံစည်ထား၏။ သို့သော် သင်တို့ကိုမူ ထိုသို့ရဲရင့်ပြတ်သားစွာ မပြုမူရစေရန် ကျွန်ုပ်တောင်းပန်ပါ၏။
မျက်စိရှေ့၌ ရှိသောအရာကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်က သူသည် ခရစ်တော်၏လူဖြစ်ကြောင်း ယုံကြည်စိတ်ချလျှင် ကျွန်ုပ်တို့သည်လည်း ထိုသူကဲ့သို့ပင် ခရစ်တော်၏လူများဖြစ်ကြောင်းကို သူသည် ပြန်လည်ဆင်ခြင်ပါစေ။
ကျွန်ုပ်တို့သည် သင်တို့အား ထိုသို့ပြုရန် သတ္တိနည်းကြောင်း ကျွန်ုပ်ရှက်ရွံ့စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာအတွက် ကြွားဝါဝံ့ပါက ကျွန်ုပ်သည်လည်း ကြွားဝါဝံ့သည်ဟု မိုက်မဲစွာ ဆိုရပေမည်။
ကျွန်ုပ်ကြွားဝါရမည်ဆိုလျှင် ကျွန်ုပ်၏အားနည်းချက်ကိုသာ အကြောင်းပြု၍ ကြွားဝါမည်။
ထိုသို့သောသူ၏အကြောင်းကို ကျွန်ုပ်ကြွားဝါမည်။ ကျွန်ုပ်နှင့်ပတ်သက်လျှင်မူ ကျွန်ုပ်၏ အားနည်းခြင်းအကြောင်းမှလွဲ၍ ကြွားဝါမည်မဟုတ်။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
ပထမအကြိမ် သင်တို့အား သတင်းကောင်းကို ဟောပြောခဲ့ခြင်းမှာ ကျွန်ုပ် မကျန်းမာသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။
နားထောင်ကြလော့။ ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို သင်တို့ခံယူလျှင် ခရစ်တော်အားဖြင့် မည်သည့်အကျိုးကိုမျှ သင်တို့ရကြမည်မဟုတ်ဟု ကျွန်ုပ်ပေါလုပြော၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
သင်တို့၏ ထောက်ထားညှာတာသော သဘောထားကို လူအပေါင်းတို့အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်အချိန် နီးပြီ။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
ကျွန်ုပ်ပေါလုကိုယ်တိုင် ဤနှုတ်ဆက်စကားကို မိမိလက်နှင့် ရေးလိုက်ပါ၏။ ၎င်းသည် ကျွန်ုပ်၏ စာတိုင်းတွင် ပါသည့် အမှတ်အသားဖြစ်၏။ ဤသို့ ကျွန်ုပ် ရေးလေ့ရှိ၏။
ကျွန်ုပ်ပေါလုကိုယ်တိုင် ပြန်ဆပ်ပေးမည်ဟူသော စာကို မိမိလက်နှင့် ရေးလိုက်၏။ အမှန်စင်စစ် သင်၏ဘဝတစ်ခုလုံးပင်လျှင် ကျွန်ုပ်ကျေးဇူးနှင့် မကင်းကြောင်း ဖော်ပြရန် မလိုပေ။
မေတ္တာဖြင့်သာ တောင်းပန်လို၏။ ယေရှုခရစ်တော်ကြောင့် အကျဉ်းချခံထားရသည့် အသက်ကြီးသူ ကျွန်ုပ်ပေါလုသည်
ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။