Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 4:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ကျွန်ုပ်​သည် သင်တို့​ထံ တုတ်​နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့သော​စိတ်​ဖြင့် လာရမည်လော။ မည်သည့်​အရာ​ကို သင်တို့ ရွေးချယ်​လို​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ငါ​သည်​ကြိမ်​လုံး​ကို​ကိုင်​၍​သင်​တို့​ထံ​သို့ လာ​ရ​မည်​လော။ သို့​တည်း​မ​ဟုတ်​မေတ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့်​လည်း ကောင်း​လာ​ရ​မည်​လော။ သင်​တို့​အ​ဘယ်​သို့ အ​လို​ရှိ​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 မည် သို့ အ လို ရှိ ကြ သ နည်း။ ကြိမ် နှင့် လာ စေ လို သ လော။ မေ တ္တာ နှင့်လည်းကောင်း၊ သိမ် မွေ့ သော စိတ် နှင့် လည်း ကောင်း လာ စေ လို ကြ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သင်​တို့​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ ငါ​သည်​နှင်​တံ​နှင့် သင်​တို့​ဆီ​သို့​လာ​ရ​မည်​လော။ သို့​မ​ဟုတ် မေ​တ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့်​လည်း​ကောင်း၊ လာ​ရ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သင်​တို့​သည် မည်သည့်​အရာ​ကို အလိုရှိ​ကြ​သနည်း။ ငါ​သည် သင်​တို့​ထံသို့ တုတ်​နှင့်​လာ​ရ​မည်​လော၊ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့​သိမ်မွေ့​သော​စိတ်​တို့​ဖြင့် လာ​ရ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 4:21
16 ပူးပေါင်းရင်းမြစ်များ  

သင်တို့​ထဲတွင် တချို့​က သင်တို့​ထံ ကျွန်ုပ်​ရောက်လာမည်​မဟုတ်​ဟု ထင်မှတ်​၍ မာနထောင်လွှား​လျက်​ရှိကြ၏။


ထို့နောက် ထို​သူ​၏ ဗီဇစိတ်​ကို ဖျက်ဆီး​ရန် သင်တို့​သည် ထို​သူ​အား နှင်ထုတ်​၍ စာတန်​လက်​သို့ အပ်​ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်​ကြွလာမည့်​နေ့​တွင် သူ​၏​ဝိညာဉ်​သည် ကယ်တင်ခံရ​နိုင်မည်​ဖြစ်၏။


ကောရိန္သုမြို့​သို့ ကျွန်ုပ် ပြန်​မလာရခြင်း​အကြောင်းရင်း​မှာ ကျွန်ုပ်​၏ ပြင်းထန်သော​ဆုံးမခြင်း​မှ သင်တို့​ကို လွတ်စေလို​သောကြောင့်​ဖြစ်ကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြော၏။


သင်တို့​အကြွင်းမဲ့ နာခံကြ​သောအခါ ကျွန်ုပ်တို့​သည် မနာခံသောသူ​အပေါင်းတို့​ကို ပြစ်ဒဏ်ပေး​ရန် အသင့်​ရှိမည်။


ထို့ကြောင့် သင်တို့​ကို ဖြိုဖျက်​ရန်အတွက် မဟုတ်ဘဲ တည်ဆောက်​ရန်အတွက် ကျွန်ုပ်တို့​အား သခင်ဘုရား​ပေးသော အခွင့်အာဏာ​ကို​အကြောင်းပြု​လျက် အနည်းငယ်​ပို၍ ကြွားဝါ​မိ​လျှင်ပင် မရှက်ပါ။


ကျွန်ုပ်​သည် တိတု​ကို သင်တို့​ထံ သွား​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ အခြား​ညီအစ်ကို​တစ်ယောက်​ကိုလည်း စေလွှတ်ခဲ့၏။ တိတု​သည် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။ ကျွန်ုပ်တို့​သည် စိတ်​သဘောချင်း​တူ​၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်​မဟုတ်လော။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ဒုတိယ​အကြိမ် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိခဲ့​စဉ်က ယခင် အပြစ်​ကျူးလွန်သူများ​နှင့် အခြားသူ​အပေါင်းတို့​အား နောက်တစ်ကြိမ် ရောက်လာ​လျှင် ညှာတာမည်​မဟုတ်​ဟု သတိပေးခဲ့သည့်​အတိုင်း ယခု​အဝေး​၌ ရှိစဉ်​တွင်လည်း ထပ်မံ​၍ သတိပေးလိုက်၏။


ထို့ကြောင့် သင်တို့​ထံသို့ လာ​၍ သင်တို့​အား ဝမ်းနည်း​စေမည့် အဖြစ်​မျိုး​ကို နောက်ထပ်​မပြု​ရန် ကျွန်ုပ်​ဆုံးဖြတ်ထား၏။


ထို့ကြောင့် ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​ကို ဝမ်းမြောက်​စေရမည့်​သူများ​က ကျွန်ုပ်​ကို ဝမ်းနည်း​စေမည်​စိုး​သဖြင့် ယခင်​စာ​ကို ရေးပို့ခဲ့ခြင်း​ဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်​လျှင် သင်တို့​အားလုံး​သည်လည်း ဝမ်းမြောက်ကြမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။


အမှန်​တွင်မူ ယခု​ဘုန်းအသရေ​၏ သာလွန်ထူးကဲခြင်း​ကြောင့် ယခင်​က ဘုန်းအသရေ​ရှိသော​အရာ​သည် ကွယ်ပျောက်သွားရ၏။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။


နို့တိုက်​မိခင်​သည် မိမိ​သားသမီးများ​ကို ပြုစု​စောင့်ရှောက်​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း သင်တို့​ကို ကြင်နာယုယ​စွာ ပြုစုခဲ့ကြ၏။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ