ရောမ 12:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible1 သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible1 ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။