Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 9:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ပြော​၍ မကုန်​နိုင်အောင်​ဖြစ်သော ဘုရားသခင်​၏ ဆုကျေးဇူးတော်​အတွက် ချီးမွမ်းကြပါစို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ငါ​တို့​သည်​တန်​ဖိုး​မ​ဖြတ်​နိုင်​သော​ဆု ကျေး​ဇူး​တော်​အ​တွက်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​ကုန်​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ချီး မွမ်း ၍ မ ကုန် နိုင် သော ဆု တော် ကြောင့် ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ပြော၍​မ​ကုန်​နိုင်​သော ဘု​ရား​သ​ခင်၏ ဆု​ကျေး​ဇူး​တော်​ကို အောက်​မေ့၍ ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:15
23 ပူးပေါင်းရင်းမြစ်များ  

“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ” ဟု ဆိုကြ၏။


ရှိမောင်​သည် မာရိ​နှင့် ယောသပ်​တို့​အား စကားပြော​နေချိန်​တွင် အန္န​သည် ရောက်လာ​ကာ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်းလေ၏။ ထို့နောက် ဂျေရုဆလင်မြို့ ရွေးနုတ်ကယ်တင်​ခံရမည်​ကို စောင့်မျှော်​လျက်​ရှိသော​သူ​အပေါင်းတို့​အား ထို​သူငယ်​အကြောင်း​ကို ပြောလေ၏။


ကျွန်ုပ်တို့​အားလုံး​သည် ထို​အရှင်​၏ ပြည့်စုံကြွယ်ဝခြင်း​မှ ကျေးဇူး​တစ်ခု​အပေါ် တစ်ခု​ဆင့်​၍ ခံစားခွင့်​ရကြပြီ။


ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။


သို့ရာတွင် အာဒံ​၏​အပြစ်​နှင့် ဘုရားသခင်​၏ ဆုကျေးဇူး​သည် အလွန်​ကွာခြား၏။ ဤ​လူတစ်ဦး​ဖြစ်သော အာဒံ​၏ အပြစ်​ကြောင့် လူများစွာ​သည် သေကြရ၏။ သို့သော် အခြားသူ​တစ်ဦး​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် လူများစွာ​က ရရှိသော​ဘုရားသခင်​၏​ကျေးဇူးတော်​နှင့် ခွင့်လွှတ်ခြင်း​ဟူသည့်​လက်ဆောင်​သည် ပို၍ ကြီးမား၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


ကျွန်ုပ်တို့​အားလုံး​အတွက် မိမိ​သားတော်​ရင်း​ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်​သည် ထို​သားတော်​နှင့်တကွ ရှိသမျှ​အရာခပ်သိမ်း​ကိုလည်း ကျွန်ုပ်တို့​အား မပေးဘဲ နေတော်မူမည်လော။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အား အောင်မြင်​စေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


သင်တို့​သည် စေတနာစိတ်​ဖြင့် အစဉ်​လှူဒါန်း​နိုင်ရန် ကိုယ်တော်​သည် သင်တို့​အား နည်း​အမျိုးမျိုး​ဖြင့် ကြွယ်ဝစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သည် သင်တို့​၏ အလှူ​ကို လိုအပ်သော​သူတို့​ထံ ယူဆောင်သွား​သောအခါ သူတို့​သည် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။


သင်တို့​အား ဘုရားသခင် ပေးသနားတော်မူသည့် သာလွန်ထူးကဲသော​ကျေးဇူးတော်​ကြောင့် သူတို့​သည် သင်တို့​ကို ချစ်ခင်​လျက် သင်တို့​အတွက် ဆုတောင်းပေးကြ​လိမ့်မည်။


ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။


ကောင်းမြတ်သော​ဆုကျေးဇူး​နှင့် ပြီးပြည့်စုံသော​လက်ဆောင်များ အားလုံး​သည် ကောင်းကင်​အလင်များ​ကို ဖန်ဆင်းသော အဖ​ဘုရားသခင်​ထံမှ ရောက်လာသည်​ဖြစ်၍ အထက်​အရပ်​မှ ဖြစ်ကြ၏။ ကိုယ်တော်​သည် ရွေ့လျားတတ်သော​အရိပ်များ​ကဲ့သို့ ပြောင်းလဲတော်မမူ။


အစဉ်​ထာဝရ​အသက်ရှင်တော်မူ​ပြီး ရာဇပလ္လင်တော်​ပေါ်​တွင် ထိုင်တော်မူသော​အရှင်​၏ ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ကျေးဇူးတော်တို့​ကို ဤ​သတ္တဝါတို့​က ချီးမွမ်းကြ၏။ ထိုသို့​ချီးမွမ်းကြသည့်​အခါတိုင်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ