Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 10:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 တချို့​က “ပေါလု​၏ စာများ​သည် ဩဇာပါ​၍ အထင်ကြီးဖွယ်​ဖြစ်​သော်လည်း လူချင်းတွေ့​လျှင် သူ​သည် သတ္တိ​နည်း​၍ အဟောအပြော​လည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 သူ့ စာ များ သည် အ ကြောင်း ကြီး လျက် အာ ဏာ ပါ သော စာ ဖြစ် သည်။ ကိုယ် တိုင် မူ ကား အား နည်း လျက် နုတ် ထွက် စ ကား လည်း အ ရေး ယူ ဖွယ် မ ဟုတ် ဟု ဆို သူ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အ​ကြောင်း​မူ​ကား၊ ထို​သူ၏​စာ​သည် လေး​လံ​သော​စာ၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော​စာ ဖြစ်၏။ ကိုယ်​တိုင်​ရှိ​လျှင်​မူ​ကား၊ သ​တ္တိ​မ​ရှိ​သော​သူ၊ အ​ချည်း​နှီး​သော​စ​ကား​ကို ပြော​သော​သူ​ဖြစ်​သည်​ဟု ဆို​တတ်​သော​သူ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား “ပေါလု​၏​စာ​များ​သည် လေးနက်​၍ ဩဇာ​ပါ​သော်လည်း လူ​ကိုယ်တိုင်​တွေ့ရ​သောအခါ သူ​သည် အားနည်း​၍ သူ​၏​အဟောအပြော​သည်​လည်း အထင်ကြီး​ဖွယ်​မ​ရှိ”​ဟု ဆို​သော​သူ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 10:10
13 ပူးပေါင်းရင်းမြစ်များ  

ခရစ်တော်​သည် ကျွန်ုပ်​ကို စေလွှတ်တော်မူသည်​မှာ နှစ်ခြင်းမင်္ဂလာပေး​ရန်အတွက် မဟုတ်ပါ။ သတင်းကောင်း​ကို ဟောပြော​ရန်အတွက်​ဖြစ်၏။ ဟောပြောရာ​တွင်လည်း နှုတ်အတတ်​ပညာ​ဖြင့် ဟောပြော​ရန်​မဟုတ်ပါ။ ဤ​သည်​မှာ ခရစ်တော်​၏ လက်ဝါးကပ်တိုင်​တန်ခိုး​ကို အချည်းနှီး​မဖြစ်​စေရန်​ဖြစ်၏။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။


ထိုသို့ ပြောဆိုသော​သူများ သိမှတ်ရမည်​မှာ ကျွန်ုပ်တို့​သည် အဝေး​တွင် ရှိစဉ်​က စာ​၌ ရေးလိုက်သည့်​စကား​အတိုင်း လူ​ကိုယ်တိုင်​ရောက်ရှိလာ​သောအခါ လုပ်ဆောင်သွားမည့်​အကြောင်း​ပင် ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ထံ စာများ​ရေး​၍ ခြိမ်းခြောက်နေသည်​ဟု မထင်​စေလိုပေ။


ကျွန်ုပ်တို့​သည် သင်တို့​အား ထိုသို့​ပြု​ရန် သတ္တိ​နည်းကြောင်း ကျွန်ုပ်​ရှက်ရွံ့​စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်​သည် တစ်စုံတစ်ရာ​အတွက် ကြွားဝါ​ဝံ့​ပါက ကျွန်ုပ်​သည်လည်း ကြွားဝါ​ဝံ့သည်​ဟု မိုက်မဲ​စွာ ဆိုရပေမည်။


ကျွန်ုပ်​သည် အဟောအပြော​ပိုင်း​၌ မကျွမ်းကျင်​သော်လည်း ခရစ်တော်​အကြောင်း​နှင့်ဆိုင်သော​အသိပညာ​ပိုင်း​၌ မချို့တဲ့။ ဤ​အချက်​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​သည် နည်းအမျိုးမျိုး​ဖြင့် သင်တို့​အား ရှင်းလင်း​စွာ ပြောပြထားပြီ​ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်​အားဖြင့် မိန့်တော်မူသည်​ဟူသော သက်သေ​ကို သင်တို့​တောင်းဆိုသည့်​အတိုင်း ကျွန်ုပ်​ပြမည်။ ကိုယ်တော်​သည် သင်တို့​ကို အပြစ်ပေး​ရာ​၌​ဖြစ်စေ၊ ကူညီမစ​ရာ​၌​ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်​သည် သင်တို့​အလယ်​၌ အားကြီးတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ