Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 5:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထိုသို့ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သံတမန်များ​ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​အားဖြင့် လူတို့​အား တိုက်တွန်း​နှိုးဆော်​လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်ကြလော့” ဟု ခရစ်တော်​၏ ကိုယ်စား သင်တို့​ကို ကျွန်ုပ်တို့​အနူးအညွတ်​မေတ္တာရပ်ခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို ကြောင့် ငါ တို့ အား ဖြင့် ဘု ရား သ ခင် နှိုး ဆော် တော် မူ သည့် သ ဖွယ် ခ ရစ် တော်၏ သံ တ မန် တော် များ ဖြစ် သော ငါ တို့ က ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ခံ ကြ မည့် အ ကြောင်း ခ ရစ် တော့် အ တွက် တောင်း ပန် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 5:20
28 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်တို့​အား “သင်တို့​၏​စကား​ကို နားထောင်သော​သူ​သည် ငါ့​စကား​ကို နားထောင်၏။ သင်တို့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို ငြင်းပယ်၏။ ငါ့​ကို ငြင်းပယ်သော​သူ​သည် ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။


သခင်​ဖြစ်သူ​က အစေအပါး​အား ‘မြို့ပြင်​လမ်းမများ​နှင့် လမ်းကြိုလမ်းကြားများ​သို့ သွား​၍ တွေ့မြင်​သမျှ​လူတို့ကို ပွဲ​သို့ ခေါ်ဆောင်​လာပြီး အိမ်​ကို ပြည့်စေလော့။


တစ်ဖန်​ယေရှု​က “ငြိမ်းချမ်းပါစေ။ ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို စေလွှတ်၏” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။


ဘုရားသခင်​၏ ရန်သူ​ဖြစ်​စဉ်​ကပင် ဘုရားသခင်​၏ သားတော်​အသေခံတော်မူခြင်း​အားဖြင့် ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်ခွင့်​ကို ကျွန်ုပ်တို့​ရရှိ​လျှင် ပြန်လည်​သင့်မြတ်ခွင့်​ကို ရရှိပြီးသော ကျွန်ုပ်တို့​သည် သားတော်​အသက်ရှင်ခြင်း​အားဖြင့် ပို၍​ပင် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။


သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။


ကျွန်ုပ်တို့​သည် အဘယ်ကြောင့် သခင်ဘုရား​ကို ကြောက်ရွံ့ရကြောင်း​ကို သိ​သဖြင့် အခြား​သူများ​အား ဘုရားသခင်​ထံတော်သို့ လှည့်ပြန်​ရန် တိုက်တွန်း​စည်းရုံးကြ၏။ ကျွန်ုပ်တို့​အကြောင်း​ကိုမူ ဘုရားသခင်​အကြွင်းမဲ့​သိတော်မူ​၍ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သင်တို့​၏ စိတ်​ထဲက အကြွင်းမဲ့​သိကြမည်​ဟု မျှော်လင့်၏။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


ကျွန်ုပ်​သည် ထို​သတင်းကောင်း​အတွက် အကျဉ်းချ​ခံရသော သံတမန် ဖြစ်၏။ သို့သော်လည်း ကျွန်ုပ် ဟောပြော​သင့်သည့်​အတိုင်း ရဲဝံ့​စွာ ဟောပြော​နိုင်ရန် ဆုတောင်းကြလော့။


လက်ဝါးကပ်တိုင်​၌ သွန်းသော သားတော်​၏​သွေးတော်​ဖြင့် ရန်​ကို ငြိမ်းစေ​၍ ကောင်းကင်ဘုံ​၌​ရှိသော အရာ​ဖြစ်စေ၊ မြေကြီး​ပေါ်​၌​ရှိသော အရာ​ဖြစ်စေ အရာ​အားလုံး​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေရန် အလိုရှိတော်မူ၏။


ထို့ကြောင့် ဤ​ညွှန်ကြားချက်များ​ကို ငြင်းပယ်သော သူတို့​သည် လူ​ကို ငြင်းပယ်သည်​မဟုတ်ဘဲ သင်တို့​အတွက် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ပေးတော်မူသော ဘုရားသခင်​ကို ငြင်းပယ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ